Ep-101

397 20 0
                                    

Unicode Version

သူရိန်: 'ဝိုင်! ဝိုင်!....'

ဝိုင့်ကိုရှာရင်း မိုးထက်မြင့်တို့အုပ်စုနှင့်တွေ့လေသည်။

သူရိန်: 'အစ်ကို! ဝိုင်ရော?'
MHM: 'မရှိတော့ဘူး။ ထွက်သွားပြီ'
သူရိန်: 'ဒါဆို ဒီကိစ္စတွေအကုန်လုံးက အမှန်တွေပဲပေါ့?'
MHM: 'မင်းလည်းကြားလာခဲ့ပြီပေါ့။ အေး အမှန်ပဲ။ အကုန်လုံးက သတင်းအမှန်တွေပဲ'
သူရိန်: 'အစ်ကိုဘာလို့ဒီလိုလုပ်ရက်တာလဲ? ကျွန်တော်နောက်ဆုတ်ပေးခဲ့တာက အစ်ကို့ကို ကျွန်တော်နဲ့တူမယ်မထင်လို့လေ'
MHM: 'အခုလည်းမတူပါဘူး။ ငါက မင်းထက်ပိုပြီး ဆိုးတယ်'
သူရိန်: 'ဝိုင်သာတစ်ခုခုဖြစ်ရင် အစ်ကို့ကိုခွင့်လွှတ်မယ်မထင်နဲ့'
MHM: (ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်ပါဘူး)
နေရောင်: 'ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်လိုက်ပါတော့ သူရိန်ရယ်။ မင်းအစ်ကိုပုံစံကိုမင်းမြင်တဲ့အတိုင်းပဲလေ။ ဝိုင်ထွက်သွားတည်းက ဒီလိုဖြစ်နေတာ'
သူရိန်: 'ဘာပဲဖြစ်ဖြစ် ဝိုင်ထွက်သွားရတာ သူ့ကြောင့်ပဲလေ'
Other: 'သူ့ကြောင့်မို့လို့ သူလည်းဒီလောက်ခံစားနေရတာပေါ့ကွာ...ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်ပြီး နောက်သွေးအေးသွားမှ လာခဲ့ပါလား'
​သူရိန်: 'ဒါဆို ဝိုင်ဘယ်သူနဲ့ထွက်သွားတာလဲဆိုတာတော့ ပြောဗျာ'
နေရောင်: 'သူ့အနောက်မှာ အမြဲတမ်းကပ်ပါနေတဲ့ ကောင်လေးလေ'
သူရိန်: (ဟုတ်ပြီ! နေမင်း! သူ့အိမ်မှာပဲရှိရမယ်)
'ဒါဆိုလည်းသွားလိုက်ပါဦးမယ်။ ဝိုင်ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းထားဦး'

ထိုနောက် သူရိန်လည်း နေမင်းအိမ်ကိုထွက်လာခဲ့သည်။
------------------------------------

မီးဖိုချောင်ထဲတွင် ဝိုင်ကြိုက်တတ်သည်များကို ချက်ပြုတ်ရင်းဖြင့် နေမင်းတစ်ယောက် အလုပ်ရှုပ်နေသည်။ ဝိုင်ကတော့ အိပ်ရာပေါ်၌လှဲရင်း အဖြစ်အပျက်တစ်ခုချင်းစီကိုပြန်စဉ်းစားနေသည်။

Naymin: 'ဝိုင်! မအိပ်သေးဘူးမှတ်လား? ထွက်လာခဲ့'

ချက်ပြုတ်ပြီးသည်နှင့် တံခါးခေါက်၍ ခေါ်လိုက်သောအခါ ဝိုင်လည်း ထွက်လာသည်။

Wine: 'ဘာလို့လဲ?'
Naymin: 'ညစာစားကြမယ်လေ'
Wine: 'ဟင်! ဘယ်ဆိုင်ကနေမှာလိုက်တာလဲ?'
Naymin: 'ဆိုင်လက်ရာလောက်မွှေးနေမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ဒါကငါ့လက်ရာ'
Wine: 'နင်က ချက်တတ်တယ်?'
Naymin: 'အေး ဟိုမှာဆို တစ်ယောက်တည်းနေတော့ ကိုယ့်ဘာသာချက်စားရတာပေါ့'
Wine: 'ဪ...ဒါကြောင့် နင်ပိန်လာတာပဲ'
Naymin: 'မစော်ကားပါနဲ့ အရင်မြည်းကြည့်ဦး။ ပြီးမှ တမ်းတမ်းစွဲဖြစ်သွားမယ်'
Wine: 'အေးပါ။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ'
Naymin: (ဝိုင့်ကိုကြည့်ရတာ ထူးဆန်းတယ်။ အရင်တစ်ခေါက်လို လဲသွားမယ်ထင်တာ။ ဘာမှမဖြစ်သလိုနေနိုင်တာပဲ)

PoisonWhere stories live. Discover now