Unicode Version(Moe Htet Myint)
(အဖေကလည်းလေ တစ်ယောက်တည်းရှိတဲ့သားလေး ပျောက်နေတာကို နည်းနည်းလေးမှစိတ်မပူဘူးလားမသိပါဘူး။ ဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရဘူး။ )'သ သခင်လေး...သူဌေး ဆုံးပြီတဲ့'
'ဘာ.......ဘာပြောလိုက်တယ် မဖြစ်နိုင်တာတွေမပြောနဲ့ ၊ ငါ့အဖေက အကောင်းကြီးကနေ ဘာလို့ ဆုံးမှာလဲ ။ ငါမယုံဘူး။'
'တကယ်ပါ သခင်လေးရယ် ညကပဲ သူဌေးနဲ့ သူဌေးရဲ့သူငယ်ချင်း ဦးမင်းလွင်တို့ကို မီးထဲကနေ ရှာတွေ့ခဲ့တာတဲ့'
'မဟုတ်ဘူး...မဖြစ်နိုင်ဘူး ၊ ငါ့ကိုအခုရန်ကုန်ပြန်လိုက်ပို့'
'ဟုတ်ကဲ့ သခင်လေး'
--------------------------
(Daw Kyi)
'မမလေး...မမလေးပြန်လာပြီဟေ့'
'ဒေါ်ကြီး ဖေဖေရော?'
'သူဌေးတကယ်မရှိတော့ပါဘူး မမလေးရယ် မီးထဲကရှာတွေ့တော့ တော်တော်ဆိုးဆိုးရွားရွားလောင်ထားတော့ ၇ ရက်ထားလို့ မရနိုင်တော့လို့တဲ့...အလောင်းတွေကို တစ်ခါတည်း သဂြိုလ်လိုက်ရပြီ'
'ဖေဖေရယ် သမီးလာတာတောင်မစောင့်တော့ဘူးလား ၊ နောက်ဆုံးအနေနဲ့တောင် ဖေဖေ့ကိုမတွေ့ရတော့ပါလား ၊ သမီးကိုတကယ်တစ်ယောက်တည်း ထားခဲ့တော့မှာလားဖေဖေရယ်'
(Nay Minn)
'ဝိုင်ရေ ဝိုင် သတိထားဦးလေဟာ...နင်ထပ်လဲကျသွားလိမ့်မယ် ၊ ကိုယ့်ကိုယ်ကို သတိထားပါဦးဟ'
'သတိထားရမယ်? ဟုတ်လား? ဘာအတွက်လဲ? ငါ့ဘဝမှာ ငါ့ဖေဖေတစ်ယောက်တည်းရှိတာ...ဖေဖေကငါ့ကိုထားသွားပြီ...ငါဘာကိုသတိထားနေရဦးမှာလဲဟာ...'
'ဝိုင်...နင်ဒီလိုပုံစံဖြစ်နေတာကို ဦးလေးကရော စိတ်ကောင်းနေမယ်ထင်လား? '
'ဖေဖေ...ဖေဖေရေ...သမီးဘာဆက်လုပ်ရမှာလဲဖေဖေရယ်...ဖေဖေ........''ဝိုင်.........ဝိုင်....ထပါဦး ၊ ဒေါ်ကြီး အိပ်ရာသွားပြင်ထားလိုက် ကျွန်တော် သယ်လာခဲ့မယ်'
'ဟုတ်ကဲ့ သခင်လေးနေမင်း'
-----------------------------
(Moe Htet Myint)
'မမ...အဖေရော?'
'မောင်လေး...အဟင့် ဟင့်'
'မမ ငိုမနေနဲ့လေ အဖေရောလို့'
'အဖေ့ကို သဂြိုလ်လိုက်ရပြီ'
'ဘာ...ကျွန်တော့်ကိုတောင် မစောင့်နိုင်တော့ဘူးလား မမရယ်'
'မဟုတ်ဘူး မောင်လေး ၊ အဖေတို့ ၂ ယောက် မီးတွေလောင်ထားတာကြောင့် ချက်ချင်း သဂြိုလ်လိုက်ရတာပါ'
'အဖေရယ်...ဒီလိုမှန်းသိရင် သားအဖေ့ကိုစကားလုံးရင့်ရင့်သီးသီးတွေမပြောခဲ့ပါဘူး...၊ ဒီလိုမှန်းသာသိရင် အဖေပေးစားတဲ့ အဲ့မိန်းမကို သားမငြင်းခဲ့ပါဘူး'
'မောင်လေးရယ် ကိုယ့်ကိုယ်ကို ဒီလောက်အပြစ်မတင်နေပါနဲ့...ဖြစ်ချိန်တန်လို့ဖြစ်သွားတယ် သဘောထားလိုက်ပါတော့...အဟင့်ဟင့်'
'ခုဏက အဖေတို့ဆိုတာ...ဟို ဦးမင်းလွင်နဲ့လား'
'ဟုတ်တယ်...ဦးမင်းလွင်နဲ့ စီးပွားရေးကိစ္စသွားညှိနှိုင်းတာ'
'ဘာကိစ္စလဲ?'
'ဦးမင်းလွင် စက်ရုံတိုးချဲ့ဖို့ကိစ္စလေ အဖေ့ဆီက ငွေလာချည်းတယ် ၊ ပထမတော့ အဖေက ရှိတာတွေ ထုတ်ပေးလိုက်မလို့ပဲ ၊ နောက်တော့ မမတို့ကုမပ္ပဏ္ဏီလည်း အရှုံးပေါ်နေတာနဲ့ ငွေချည်းလို့မဖြစ်နိုင်ကြောင်းသွားပြောရင်းက အခုလိုဖြစ်တာ...ပြီးတော့ ဦးမင်းလွင်အရင်တစ်ခေါက်ကချည်းထားတဲ့ သိန်း ၅သောင်းကလည်း ပြန်မဆပ်သေးဘူးလေ'
'ရိုးရော ရိုးရဲ့လားမမရယ်'
'မသိပါဘူးကွယ်...ရဲတွေကတော့ ဘာသက်သေမှမရှိပဲ အမှုထဖြစ်လို့မရဘူးဆိုလို့ မမလည်း ဘာမှဆက်မလုပ်တော့တာ'
'ဦးမင်းလွင်...ဦးမင်းလွင်...ဥပဒေဘောင်ကနေမရဘူး ဥပဒေဘောင်အပြင်ကနေလုပ်ပြမယ်'
'မောင်လေး...စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့မောင်လေးရယ် မောင်လေး မောင်လေး....'