Ep-80

462 24 1
                                    


Unicode Version

မိုးထက်မြင့်အချိန်အတန်ကြာ နွယ်နဲ့စကားပြောပြီးမှ အခန်းထဲပြန်ဝင်လာသည်။ အခန်းထဲရောက်တော့ ဝိုင်က အိပ်ရာပေါ်တွင် ချောကလက်တစ်ခုကိုင်လျက် နှစ်ခြိုက်စွာအိပ်ပျော်နေလေသည်။

MHM: (တော်တော်ပင်ပန်းနေပုံပဲ၊ အစောကြီးအိပ်ပျော်သွားတယ်။ လက်ထဲမှာလည်း မုန့်ကကိုင်ထားသေးတယ်😑။အိပ်မက်ထဲအထိ အစားအသောက်ပါချင်လို့လားမသိပါဘူး။ အင်း...မမလည်းရှိနေတာဆိုတော့ ထားခဲ့လိုက်ပါမယ်လေ)

ဝိုင့်လက်ထဲက မုန့်ကိုယူကာ ဘေးကစားပွဲပေါ်တင်ပေးပြီး အခန်းပြင်ထွက်လာခဲ့သည်။

Nwe: 'မောင်လေး! ဒီအချိန်ကြီး ဘယ်သွားမလို့လဲ?'
MHM: 'ကျွန်တော့်ကို နေရောင်တို့ခေါ်လို့ သွားလိုက်ဦးမယ်။ မတွေ့တာလည်းကြာပြီဆိုတော့လေ။ ပြီးတော့မမလည်းရှိနေတယ်ဆိုတော့ ဝိုင့်ကိုထားခဲ့လိုက်မယ်'
Nwe: 'ဝိုင့်ကိုပြောရော ပြောလာရဲ့လား?'
MHM: 'အိပ်ပျော်နေတယ်မမရဲ့။ တော်တော်ပင်ပန်းနေပုံပဲ။ ဒါကြောင့် မပြောတော့တာ။ ကျွန်တော် သူမနိုးခင်ပြန်လာပါ့မယ်'
Nwe: 'အင်း! လူပျိုတုန်းကလို နေရောင်တို့နဲ့ အလေလိုက်နေလို့မရတော့ဘူးဆိုတာသိတယ်နော်?'
MHM: 'သိပါတယ် မမရယ်။ ကျွန်တော်က လူပျိုမဟုတ်တော့ဘူး။ အိုနေပြီ! ဟုတ်ပြီလား?'
Nwe: 'လာရွဲ့နေလိုက်သေးတယ်။ သိရင်ပြီးရော! ကြွ! ကြွ!'
--------------------------------
ထိုနောက်မိုးထက်မြင့်လည်း နေရောင်တို့အဖွဲ့ တစ်ညလုံးအပြတ်ငှားထားသော ဘိလိယက်ခုံသို့ရောက်လာသည်။

MHM: 'ဟျောင်တွေ! ငါ့ကိုခေါ်တာဘာကိစ္စလဲ?'
NY: 'မင်းက ခေါ်မှပဲလာတော့တယ်။ အရင်ကဆို အချိန်ပြည့်ငါတို့အနားမှာချည်းပဲ'
MHM: 'အရင်နဲ့အခုနဲ့ တူမလားကွ။ အရင်က အဖေရှိတယ်လေ၊ အဖေ့အလုပ်တွေကိုအဖေလုပ်တော့ ငါကလွတ်နေတယ်။ ပြီးတော့ ငါကလူပျိုလေ၊ လွတ်လပ်တာပေါ့။ အခုတော့ လူပျိုလည်းမဟုတ်၊ အဖေလည်းမရှိတော့ ငါ့မှာမင်းတို့နဲ့တွေ့ဖို့အချိန်လည်းမရှိတော့ဘူးပေါ့'
NY: 'ဒါနဲ့၊ မင်းချစ်ဇနီးရော? ပါမလာဘူးလား? ဒီနေ့တော့ တစ်ယောက်တည်းနေရဲသွားပြီလား?'
MHM: 'အိမ်မှာ မမရောက်နေတယ်လေ။ ဒါကြောင့်ထားခဲ့တာ။ နေပါဦး...ငါ့ကိုခေါ်တာ တရားခံစစ်သလိုစစ်မလို့လား?'
Others: 'မဟုတ်ပါဘူးကွာ...ငါတို့က ငါတို့သူငယ်ချင်းကိုလွမ်းလို့ပါ။ မတွေ့တာလည်းကြာပြီလေ'
NY: 'မင်းကလည်းလေ မိန်းမရမှ အချိုးပြောင်းသွားလိုက်တာဆိုတာ...😑'
MHM: 'မင်းတို့ကပြောအားရှိတာပေါ့။ ရမှမရကြသေးတာ😏'
NY: 'ဟျောင်တွေ! ဒီကောင်က ငါတို့ကိုလာဖဲ့တာဟ'
Others: 'ဟုတ်ပါ့! ရှိတာကိုလည်း ထုတ်ကြွားသလားမမေးနဲ့'
MHM: 'မကြွားပါဘူးကွာ...ငါကမင်းတို့ကိုအားကျလို့ပါ'
NY: 'အားကျရင် ရုန်းထွက်လာလိုက်လေ'
MHM: 'ဖြစ်မလား!'
NY: 'တွေ့လား? တွေ့လား? လက်ရှိဘဝကိုသာယာနေပြီးတော့။ အလကားပါကွာ...မ-ယ-က'
MHM: 'ဘယ်မှာ မ-ယ-က လဲ? မင်းတို့မသိလို့ ဝိုင်က ငါ့ကိုလှန်တောင်လှန်ရဲတာမဟုတ်ဘူး'

PoisonWhere stories live. Discover now