Unicode VersionMHM: 'ဝိုင်! ဘာဖြစ်တာလဲ?'
မိုးထက်မြင့် စိုးရိမ်တကြီးဖြင့် ဝိုင့်ဆီပြေးသွားကာမေးသည်။
Wine: 'မော...မော...လာလို့'
MHM: 'ရုတ်တရက်ကြီး ဘယ်လိုဖြစ်ရတာလဲ?'
Wine: 'Co...Co...ffeee'
MHM: 'ဟမ်! coffee? အခုသောက်မလို့လား?'ဝိုင်က မောဟိုက်နေသဖြင့် စကားအကုန်မပြောနိုင်သည်ကို မိုးထက်မြင့်တစ်ယောက် ထင်ချင်ရာ ပြေးထင်လိုက်တော့သည်။
ထိုအချိန်တွင်...'ဝိုင်! အဆင်ပြေရဲ့လား?'
နေမင်း အပြေးရောက်ချလာသည်။ မိုးထက်မြင့်ကတော့ နေမင်းကို မနာလိုကြည့်ကြည့်၍
(ဒီကောင်က ဘယ်ကနေ ဘယ်လိုရောက်ချလာပြန်တာလဲ? ငါ့ကုမ္ပဏီကိုများ သူ့အိမ်ကျနေတာပဲ။ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နဲ့😕)MHM: 'ခုဏလေးတင် အကောင်းကြီးကနေ အသည်းအသန် ထ ဖြစ်တော့တာပဲ'
(ဟွန်း! ငါတောင် ငါ့မိန်းမဘာဖြစ်မှန်းမသိတာ မင်းက သိပါ့မလား😎)မိုးထက်မြင့်စကားကို အဖက်တောင်ပြန်မလုပ်အားတော့လောက်အောင် နေမင်းတစ်ယောက် ဝိုင့်အပေါ် စိုးရိမ်စိတ်လွှမ်းမိုးနေသည်။ ဝိုင့် ကျောကို ပွတ်လိုက်၊ ခေါင်းကိုနှိပ်ပေးလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
Naymin: 'ဝိုင်! အဆင်ပြေလား?'
Wine: 'ဟင့်အင်း'
MHM: (ပြောသားပဲ! ဘာဖြစ်မှန်း ငါတောင်မသိပါဘူးဆို😏)နေမင်းလည်း ဝိုင်မသက်သာသေးဘူးဆိုလို့ ဝန်ထမ်းတွေကို အကူအညီလှည့်တောင်းသည်။
Naymin: 'တစ်ယောက်လောက်၊ သံပုရာရည်လေးဝယ်ပေးလို့ရမလား?'
ဝန်ထမ်းများက မိုးထက်မြင့်နှင့် နေမင်းကိုတစ်လှည့်စီကြည့်၍ ငေးကြောင်နေကြသည်။
Naymin: 'တစ်ယောက်လောက် ကူညီကြပါလို့'
စိုးရိမ်ဒေါသဖြင့် အော်လိုက်တော့မှ အကုန်အသိပြန်ဝင်လာကြသည်။
'ကျွန်တော် သွားဝယ်ပေးပါ့မယ်ဗျ'
ဝန်ထမ်းများကိုယ်စား ထ လာသူက Mark!Naymin: 'အင်း! သံပုရာရည်ကို ပျားရည်နှစ်စွန်းနဲ့လို့ ပြောပြီး ဝယ်လာခဲ့ပေးပါ'
Mark: 'ဟုတ်ကဲ့!'