Ep-90

412 28 0
                                    


Unicode Version

MHM: (ဟင်! ငါ..ငါ ဘာလုပ်လိုက်တာလဲ?😣ရင်ဘတ်ကြီးလည်းပေါက်ထွက်တော့မယ်။ သူ...သူ မမှတ်မိလောက်ပါဘူးနော်)
Wine: 'ကိုမိုးထက်မြင့်...ဝိုင့်ကိုမထားခဲ့ပါနဲ့🥺'

မျက်လုံးများမပွင့်သော်လည်း လက်နှစ်ဖက်က မိုးထက်မြင့်လည်ပင်းကိုတင်းကြပ်စွာဖက်ထားသည်။

MHM: (ပြောသာပြောနေတာ မျက်လုံးကမပွင့်တော့ဘူး။ တော်တော်မူးသွားပုံရတယ်☺️)
'မင်းနောက်တစ်ခါ တခြားကောင်တွေနဲ့သောက်ရင် အသေပဲနော်။ သောက်ချင်ရင် ငါ့နားမှာပဲသောက်၊ မူးချင်လည်း ငါ့နားမှာပဲမူး😒'
-------------------------------------

မနက်မိုးလင်းအိပ်ရာနိုးတဲ့အချိန်မှာတော့ ညကအဖြစ်အပျက်များဘာကိုမှမမှတ်မိသည့်အပြင် မိမိဘယ်လိုဘယ်ပုံနဲ့ အိပ်ရာပေါ်ရောက်နေမှန်းတောင်မသိပေ။

Wine: 'ငါညက ဘာဖြစ်သွားတာလဲ? ရေဆာလို့အအေးတွေအကုန်သောက်ပြီး ဘာဆက်ဖြစ်သွားလဲ? မမှတ်မိတော့ဘူး။😳ဘယ်လိုလို့အိပ်ရာပေါ်ပြန်ရောက်နေတာလဲ?'
MHM: 'နိုးပြီလား အမိ'
(ညကအဖြစ်အပျက်တွေအကုန်မေ့သွားပြီထင်တယ်...)
Wine: 'ကိုမိုးထက်မြင့်! ညကကျွန်မကို ပြန်ခေါ်လာတာလား?'
MHM: 'ငါပြန်မခေါ်လို့ ဘယ်သူကပြန်ခေါ်ရမှာလဲ?'
Wine: 'ဟင်! ဘာမှမမှတ်မိတော့ဘူး။ ဘာဖြစ်လို့ပါလိမ့်'
MHM: 'ဘာဖြစ်ရမှာလဲ? မင်းဟာမင်း သူများခွက်ကိုယူသောက်ပြီးမူးသွားတာလေ'
Wine: 'မူးတယ်? ကျွန်မကလေ? အာ...မဖြစ်နိုင်တာ'
MHM: 'ဒါဆို မင်းညက ကိစ္စတွေအကုန်မှတ်မိလားပြော?'
Wine: 'ညကကိစ္စ....။ မမှတ်မိဘူး။ အအေးမော့ချလိုက်တာကလွဲရင် ဘာမှမမှတ်မိတော့ဘူး။ ဒါနဲ့ ညကရှင်ကစိတ်ဆိုးနေတာမဟုတ်ဘူးလား? ကျွန်မကို ဒီပြန်ခေါ်လာပေးတယ်ပေါ့'
MHM: 'ဒါကတော့ ဒီလိုပဲအခြေအနေလေးတွေရှိလို့ပေါ့☺️'
(မင်းက ဒီလောက်ချစ်ဖို့ကောင်းနေတာ ဘယ်လိုလို့ အကြာကြီးစိတ်ဆိုးနိုင်မလဲ)
Wine: 'ဘာလဲ...အဲ့အပြုံးက!'
MHM: 'ဘာဖြစ်လို့လဲ?'
Wine: 'မသိဘူး ရှင့်ရဲ့ခုဏကအပြုံးကြောင့် တော်တော်လေးစိတ်မသက်မသာဖြစ်တယ်'
MHM: 'ဟုတ်လား? ဒါဆို ညကကိစ္စသာပြန်မှတ်မိသွားရင် ပိုပြီး စိတ်မသက်မသာဖြစ်တော့မှာပဲ☺️'
Wine: 'ညက ဘာဖြစ်သွားလို့လဲ? ဘာမှမဖြစ်ဘူးမှတ်လား? မနောက်ပါနဲ့😁'
MHM: '☺️'
Wine: 'တော်ပြီ၊ တော်ပြီ။ ဆက်မပြောနဲ့တော့'
MHM: '☺️'
Wine: 'ပြုံးလည်းမပြုံးနဲ့တော့။ ထပ်ပြုံးရင် ထိုးမှာနော်'
MHM: 'အရပ်ပဲ အရင်မှီအောင်လုပ်ပါဦး။ မင်းလက်ဆန့်ထုတ်လိုက်ရင်တောင် ငါ့ရင်ဘတ်မရောက်ပဲနဲ့'
Wine: 'ဪ....လာစမ်းတယ်ပေါ့။ ရတယ်'

PoisonWhere stories live. Discover now