Unicode Version
Naymin: 'ဝိုင်! ညနေကျရင် ပွဲတစ်ပွဲတက်စရာရှိတယ်။ နင်လိုက်ခဲ့'
Wine: 'ဘာပွဲလဲ?'
Naymin: 'ငါ့အဖေရဲ့မိတ်ဆွေတစ်ယောက်က သူ့သားမွေးနေ့ပွဲကိုဖိတ်ထားလို့'
Wine: 'အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ? မလိုက်ချင်ဘူး'
Naymin: 'ငါတစ်ယောက်တည်းပျင်းလို့ပါဟ။ လိုက်ခဲ့စမ်းပါ'
Wine: 'ဘာလို့လိုက်ရမှာလဲ? ငါနဲ့လည်းသိတာမဟုတ်ပဲနဲ့'
Naymin: 'ငါ ပျင်းလို့ပါဆို'
Wine: 'ပျင်းရင် မသွားနဲ့ပေါ့ဟယ်'
Naymin: 'မသွားလို့မရဘူး။ သေချာပေါက်သွားခိုင်းထားတယ် ငါ့အဖေက။ လိုက်ခဲ့ပါဟာ...နော် နော်'
(ရအောင်ခေါ်ရမယ်။ အိမ်ထဲမှာပဲနေနေရင် ကြာရင် Depression ဝင်လာလိမ့်မယ်။ အခုတလော မျက်နှာလည်း အရယ်အပြုံးနည်းလာတယ်။ ကြာရင် ပိုပြီးဆိုးကျိုးတွေများလာလိမ့်မယ်)
Wine: 'ဒါဆို အင်္ကျီဝယ်ပေး။ ငါ့မှာဝတ်စရာမရှိဘူး'
Naymin: 'ခေါင်းအစ ခြေအဆုံးဆင်ပေးမယ်ဟာ။ လိုက်ပဲလိုက်ခဲ့ရင်ရပြီ'
Wine: 'ပြီးရောလေ။ ဒါဆို Spa ပါသွားမယ်'
Naymin: 'နင်ဟာလေ.......အေး အေး။ သွားချင်လည်းသွား'ဝိုင့်ကိုအိမ်ထဲအောင်းမနေစေချင်၍ ဝိုင့်စိတ်ကြိုက်အကုန်လိုက်လျောကာ spa လိုက်ပို့ပြီး အဝတ်အစားများသေချာရွေးပေးသည်။ ရွေးပေးသမျှအဝတ်အစားတိုင်းကို ဝိုင်စိတ်တိုင်းမကျသည့်အဆုံး ဝန်ထမ်းရဲ့ အကြံပေးမှုအရ ဒီဇိုင်နာ နောက်ဆုံးချုပ်ထားသော ဝတ်စုံကိုသာရွေးလိုက်ရသည်။
Naymin: (လှလိုက်တာ......🤩! သေချာတယ် ပွဲထဲမှာနင်အလှဆုံးဖြစ်နေတော့မှာပဲ☺️)
Wine: 'ဟဲ့! ငါမေးနေတာကြားလား?'
Naymin: 'ဟင်! ဘာမေးလိုက်တာလဲ?'
Wine: 'ဘယ်ကိုစိတ်ရောက်နေတာလဲ? ငါမေးတာ နင့်ဝတ်စုံကရောလို့'
Naymin: 'ငါကနင့်လိုကြေးမများဘူး'ထိုနောက် ဝန်ထမ်းဘက်လှည့်၍ ဝိုင့်အင်္ကျီနဲ့အလိုက်ဖက်ဆုံးဒီဇိုင်းကို တိုးတိုးလေး ရွေးခိုင်းလိုက်သည်။
ဝန်ထမ်း: 'ဆရာ! ဒီဝတ်စုံဆို အဆင်ပြေလောက်တယ်'
Wine: 'အင်း...မဆိုးဘူးဟဲ့။ ငါ့ဝတ်စုံနဲ့လည်း လိုက်တယ်'
Naymin: 'မဆိုးဘူးလား?🙄 ဒါဆို ဒါပဲယူတော့မယ်လေ👉👈'
Wine: 'ယူပေါ့! သဘောပဲ'
-------------------------------------------Nwe: 'ဘာ! ဝိုင်အိမ်ကထွက်သွားတယ်? ဟုတ်လား? ဒါကိုငါ့ကိုဘာလို့ တစ်ယောက်မှလာမပြောကြတာလဲ?'
MHM: 'အဖြစ်အပျက်တွေကမြန်လွန်းတော့ ကျွန်တော်ကိုယ်တိုင်တောင် အခုထိ မယုံနိုင်ဖြစ်နေသေးတုန်းမို့လို့ပါ မမရယ်'
Nwe: 'နေစမ်းပါဦး ဝိုင့်ကိုဘာလို့ ရှင်းမပြလိုက်ရတာလဲ?'
MHM: 'ဘာကိုလဲ?'
Nwe: 'သူထင်သလို အမွေကြောင့်ချည်းပဲလက်ထပ်ခဲ့တာမဟုတ်ပဲ မင်းရင်ထဲက နှစ်နှစ်ကာကာချစ်လို့ပါဆိုတဲ့အကြောင်းကိုလေ'
MHM: 'အစက ကျွန်တော်ကိုယ်တိုင်တောင်မသေချာသေးဘူး။ အဲ့ဒါကြောင့် မပြောဖြစ်ခဲ့တာ။ ဝိုင်မရှိတော့မှ ကျွန်တော့်ကိုယ်ကျွန်တော်သိတာ...သူ့ကိုအရမ်းချစ်မိနေပြီဆိုတာ'
Nwe: 'ဟူး.........ပင်ပင်ပန်းပန်းနဲ့အိမ်ပြန်လာတာ အမောဆို့အောင်လုပ်နေကြတယ်'
MHM: 'မမရယ်...ကျွန်တော်လည်း ဘယ်ထွက်သွားစေချင်ပါ့မလဲ'
Nwe: 'ဒါနဲ့ အဆင်ရောပြေရဲ့လား?'
MHM: 'မပြေဘူး မမရေ။ စက္ကန့်နဲ့အမျှလွမ်းနေရတယ်'
Nwe: 'သေလိုက်လေ။ တုံးတာကိုး'
MHM: 'အာ! မမကလည်း မေးလို့လည်းဖြေရသေးတယ်'
Nwe: 'နင့်ကိုမေးတာမဟုတ်ဘူး။ ဝိုင့်ကိုမေးတာ။ ဝိုင်ကနှလုံးရောဂါသည်ဆို?'
MHM: 'ထင်ထားတာထက် အဆင်ပြေနေလို့ အံ့ဩနေရတယ် မမရေ။ သူရိန်နဲ့တုန်းကလို ဆေးရုံလည်းရောက်မသွားဘူး။ အေးဆေးပဲ'
Nwe: 'ဒါဆို တော်သေးတာပေါ့'
MHM: 'ဘာတော်တာလဲ မမရဲ့။ ကျွန်တော် psycho တောင်ဝင်နေတာ။ ကျွန်တော်နဲ့ ဝေးရတာကို အေးအေးဆေးဆေးဖြစ်နေတာ ကျွန်တော့်ကို တကယ်မချစ်လို့များလားလို့'
Nwe: 'နင်က သူဆေးရုံမှာ လဲနေမှ နင့်ကိုတကယ်ချစ်တယ်ထင်မှာလား?'
MHM: 'အဲ့လိုတော့ မဟုတ်ပါဘူးမမရယ်။ နည်းနည်းလောက်လေးများ ကျွန်တော့်အတွက် ခံစားရရင် သူကျွန်တော့်ကိုချစ်တယ်လို့ယုံကြည်လို့ရသေးတယ်။ အခုက လုံးဝကို သူစိမ်းတစ်ယောက်ကိုကြည့်တဲ့အကြည့်မျိုး ၊ ပြောတဲ့အပြောမျိုးတွေနဲ့....ကျွန်တော်မခံစားနိုင်ဘူး'
Nwe: 'ဘာဖြစ်ဖြစ် ငါတို့ကအပြစ်ရှိတဲ့လူတွေပဲ။ ဝိုင့်အပေါ် ငါတို့မိသားစု အကြွေးတင်နေတာမို့ ဝိုင်စိတ်ဆင်းရဲမယ့်ကိစ္စကိုအတတ်နိုင်ဆုံးရှောင်ရမယ်'
MHM: 'ဝိုင့်အပေါ်အကြွေးတင်တာ ကျွန်တော်တစ်ယောက်တည်းပါ....ဘာလို့ တစ်မိသားစုလုံးပါလာတာလဲ?'