Ep-20

725 31 0
                                    


Unicode Version

MHM: 'ဒီမှာပဲထိုင်လိုက်ပါလား။ တခြားနေရာမရှိတော့ဘူး'
ဆိုင်ထဲတွင် လွတ်နေသောနေရာဟူ၍ မိုးထက်မြင့်ထိုင်နေသောနေရာပဲရှိသည်။ ဝိုင်လည်း ဗိုက်ဆာနေသောကြောင့် နောက်တစ်ဆိုင်လည်း မပြောင်းချင်၊ နေမင်းကလည်း စားစရာတွေအကုန်မှာပြီးနေပြီဖြစ်၍ မိုးထက်မြင့်ခုံ၌ပဲ ဝင်ထိုင်ရန် သဘောတူလိုက်တော့သည်။ မိုးထက်မြင့်​၏ မျက်နှာချင်းဆိုင်တွင်ထိုင်ရန်ပြင်သောအခါ မိုးထက်မြင့်က ဝိုင့်လက်ကိုလှမ်းဆွဲသောကြောင့် ဘေး၌ ကပ်လျှက် ထိုင်ဖြစ်သွားသည်။
Wine: 'ရှင်ဘာလုပ်တာလဲ? ဘာလို့ကျွန်မလက်ကိုဆွဲတာလဲ? ချော်လဲတော့မလို့ နည်းနည်းပဲလိုတော့တယ်'
MHM: (မင်း အဲ့ကောင်ဘေးနားမှာ ထိုင်နေမှာမလိုလို့)
'အဲ့ဘက်ခုံက နဲ့ နေတယ် ။ တစ်ယောက်ပဲထိုင်လို့ရမယ်'
Wine: 'ဟမ်! ဟုတ်လို့လား? အကောင်းကြီးပါ'
အမှန်တွင် မိုးထက်မြင့်ထိုင်နေသောခုံက ပို၍ပင် ဟောင်းနေသေးသည်။ ဝိုင်လည်း ဘာမှဆက်မပြောတော့ပဲ အစားအသောက်များသာထိုင်စားနေလိုက်သည်။
Naymin: 'ဟဲ့! နင်ကစားတောင်စားနေပြီလား? ငါ့ကိုတောင်မစောင့်ဘူး'
Wine: 'နင်ကကြာနေတာကိုး။ ဗိုက်ဆာနေပြီဟဲ့'
Naymin: 'အေးပါ။ ဂျပုတို့က အစားအသောက်နဲ့ပက်သက်ရင် မရဘူးဆိုတာ မေ့သွားတာ'
မိမိဘေးမှာရှိနေပါလျှက်နှင့် အဖက်မလုပ်ပဲ သူတို့သူငယ်ချင်းနှစ်ယောက်သာ စကားပြောကာ ကြည်နူးနေကြသည်ကို မိုးထက်မြင့် ကြည့်မရတော့။
MHM: 'မင်းတို့က တော်တော်ခင်ကြတယ်နော်'
Naymin: 'ခင်တာပေါ့။ မူကြိုတည်းက ပေါင်းလာတာ။ အဲ! မဟုတ်သေးဘူး မွေးကတည်းကလို့ပြောရမယ် ရှေ့ဆင့်နောက်ဆင့် တစ်နာရီပဲခြားပြီးမွေးတာလေ'
Wine: 'အင်း! ဟုတ်တယ်။ သူက ကျွန်မရဲ့ ငယ်နိုင်လေ'
Naymin: 'ဟုတ်တယ်။ သူ့ငယ်နိုင်လေ။ သူတစ်ယောက်တည်းနိုင်မယ်တဲ့၊ တခြားလူလုံးဝမနိုင်ရဘူးတဲ့'
နေမင်း​၏စကားကြားကာ သဝန်တိုစိတ်များတဖွားဖွားဖြင့် ပို၍ဒေါသထွက်လာသည်။
MHM: 'မင်း စားလို့မပြီးသေးဘူးလား?'
Wine: 'အာ! အခုမှ စားနေတုန်းလေ။ ရေခဲမုန့်တောင်မစားရသေးဘူး။ ဘာလို့လဲ?'
ဝိုင့်ကို အိမ်လိုက်ပို့ချင်သည်ကိုလည်း ပြောမထွက်။
MHM: 'မင်းစားနေတော့ ငါအပြင်ထွက်လို့မရဘူးလေ'
Wine: 'ဪ! ဒါလေးများ၊ ပြောပါလား'
ဝိုင်က ထိုင်နေရာမှ ထကာ နေရာဖယ်ပေးသည်။
Wine: 'သွားလေ'
MHM: 'ဪ! မေ့နေတာ။ ကိုလည်း ရေခဲမုန့်စားမလို့'
Wine: 'ဪ! အင်း။ သွားမှာလေ'
မိုးထက်မြင့်လည်း ဝိုင်တို့နှစ်ယောက်ကို ထားသွားရမှာ စိတ်မချ၍ ရေခဲမုန့်မှာပြီး နေရာ၌ ပြန်ထိုင်နေလိုက်သည်။ စားသောက်ပြီး၍ အိမ်ပြန်မည်လုပ်သောအခါတွင်လည်း နေမင်းက ဝိုင်ထိုင်ရန်အတွက် ကားအရှေ့ခန်းတံခါးကိုဖွင့်ပေးသည်။ သို့သော် ဝင်ထိုင်လိုက်သူမှာ မိုးထက်မြင့်...
Naymin: 'ဟမ်! ခင်ဗျားက ဘာတက်လုပ်တာလဲ? အိမ်ပြန်တော့လေ'
MHM: 'ငါမင်းတို့နဲ့လိုက်ခဲ့မယ်လေ။ ငါ့မှာကားမပါဘူး'
ကံကောင်းချင်တော့ ဆိုင်ရဲ့ ထောင့်ကျကျနေရာတွင် ကားရပ်ခဲ့မိသည့်အတွက် ဘယ်သူမှမမြင်။
Naymin: 'ဒါဆိုလည်း နောက်မှာ ထိုင်။ ဒါ ဝိုင့်နေရာ'
Wine: 'ရပါပြီဟယ်။ ငါနောက်မှာထိုင်လိုက်မယ်။ ငါပင်ပန်းနေပြီ'
ဝိုင့်စကားကြောင့် နေမင်းက အလိုက်တသိဖြင့် ကားအနောက်ခန်းမှ လေထိုးဆိုဖာတစ်ခု ထုတ်ကာ ဝိုင်ထိုင်မည့်နေရာ၌ ခင်းပေးလိုက်သည်။
Wine: 'နင် ဒါကြီးကို သွားလေရာနေရာထည့်သွားတာလား?'
Naymin: 'အေးလေ။ နင်ကဘယ်အချိန် ထ ဖောက်ပြီး အိပ်ချင်မလဲမသိနိုင်ဘူးလေ။ ဒါကြောင့် ထည့်ထားလိုက်တာ'
Wine: 'အတော်ပဲ။ ငါလည်း အိပ်ချင်နေတာနဲ့ ဟီးဟီး'
ဝိုင်လည်း မိမိအတွက်အသင့်ပြင်ထားသော လေထိုးဆိုဖာပေါ်ဝင်အိပ်လိုက်သည်။ သို့သော်လည်း ဒီအခြေအနေကို လုံးဝကြည့်မရဖြစ်နေသော မျက်လုံးတစ်စုံအား သတိမပြုမိကြချေ။
MHM: 'မင်း ဝိုင်!'
Wine: 'ဟင်'
MHM: 'မင်းက ဒီလိုပဲ တွေ့ကရာနေရာအိပ်တာပဲလား?'
Naymin: 'တွေ့ရာနေရာအိပ်စရာလား။ ငါတို့ဂျပုက ငါ့ကားပေါ်မှာပဲအိပ်တာ'
MHM: 'မင်းကိုမေးနေတာမဟုတ်ဘူး'
Wine: 'ဘာဖြစ်နေတာလဲ? ကျွန်မအိပ်တာ ရှင့်ကိုဘာပြဿနာဖြစ်စေနိုင်လို့လဲ?'
MHM: 'ကိုနဲ့လက်ထပ်မယ့် မိန်းမက သူစိမ်းယောက်ျားတစ်ယောက်ရဲ့ကားပေါ်မှာ အိပ်ချင်သလိုအိပ်နေတာဖြစ်သင့်လား?'
Wine: 'သူစိမ်းမှမဟုတ်တာ! နေမင်းလေ'
MHM: 'မင်းအမျိုးမှမဟုတ်တာ၊ သူစိမ်းပဲပေါ့'
Naymin: 'ဒီမှာ ကိုမိုးထက်မြင့်၊ ဒီလိုအိပ်လို့ လက်မထပ်ချင်တော့လည်းရတယ်နော်။ ကျွန်တော်တို့ဂျပုက အေးဆေး'
MHM: 'ဘယ်သူဝမ်းသာဖို့အတွက် လက်မထပ်ရမှာလဲ?'
Naymin: 'ဒါဆို ဘယ်သူဝမ်းသာဖို့အတွက် လက်ထပ်မှာလဲ?'
MHM: ( ငါဝမ်းသာဖို့ပေါ့ကွ! )
'ဘယ်သူမှဝမ်းမသာရင်တောင် တစ်စုံတစ်ယောက်တော့ ဝမ်းနည်းနေမယ်ထင်တာပဲ'
နေမင်းလည်း မိမိအားစောင်းပြောနေမှန်းသိသဖြင့် မသိချင်ယောင်ဆောင်ကာ လျှော်လိုက်ရသည်။
Naymin: 'ဘာဖြစ်ဖြစ်၊ ကိုမိုးထက်မြင့်၊ ခင်ဗျားအိမ်ဘယ်မှာလဲ? '
MHM: 'ဘာလို့လဲ? ငါ့ကိုအရင်ပို့မလို့လား?'
Naymin: 'အင်းလေ'
MHM: 'မလိုဘူး။ သူ့ကိုအရင်ပို့'
Naymin: 'သူနဲ့ကျွန်တော်က အတူတူပြန်မှာလေ။ ကျွန်တော်သူ့အိမ်မှာနေမှာ'
MHM: 'ဘာ! ဘာလို့မင်းက သူ့အိမ်မှာနေမှာလဲ?'
Naymin: 'ကျွန်တော့်အိမ်က US မှာလေ။ ဒီမှာမှမရှိတော့တာ'
MHM: 'ဒါဆိုဘာလို့ Hotel မှာမနေလဲ?'
Naymin: 'ဘာလို့ Hotel မှာနေရမှာလဲ? ဝိုင့်အိမ်ရှိနေတာပဲကို'
MHM: 'မင်း! အင်း ဒါဆို ငါလည်းနေမယ်'

PoisonWhere stories live. Discover now