Unicode Versionညနေမှောင်ရီပျိုးချိန်၌ မိုးထက်မြင့်က ကားအနီရောင်လေးကို ဆောက်လက်စတိုက်တစ်လုံးရှေ့တွင်ရပ်ကာ ကားပေါ်မှဆင်း၍ ဘေးဘီကို ငေးကြည့်နေစဉ်
ULayGyi: 'မောင်ရင် ရောက်လာပြီပဲ'
MHM: 'ဟုတ်ကဲ့ ဦးလေး၊ ဘာထူးသေးလဲ?'
ULayGyi: 'ဦးလေးဆက်သွယ်တာတောင်မစောင့်တော့ဘူးဆိုတော့ အမြန်လိုနေပုံပဲ'
MHM: 'ဟုတ်တယ်ဦးလေး၊ ကျွန်တော် ကျွန်တော့်ရဲ့ဇနီးအပေါ် မြန်မြန်သံသယရှင်းချင်လို့ပါ'
ULayGyi: 'မောင်ရင်ပြောဖူးတာမှတ်မိပါသေးတယ်၊ မောင်ရင့်မှာ အစီစဉ်ရှိတယ်ဆိုလား'စုံထောက်ဦးလေးက ခနဲ့သလိုပြောတော့မှ မိုးထက်မြင့်တစ်ယောက်ရှက်ပြုံးပြုံးကာ
MHM: 'ပြောရင်လည်း ရယ်စရာကောင်းဦးမယ် ဦးလေးရေ၊ အခုကျွန်တော့်အစီစဉ်ထဲမှာ ကျွန်တော်ပိတ်မိနေပြီ'
ULayGyi: 'ဟားဟားဟား၊ မောင်ရင့်အဖြစ်က အတတ်ကျူးသွားသလိုပေါ့ကွာ...'မိုးထက်မြင့်လည်း ဘာမှပြန်မပြောတော့ပဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ နားထောင်နေလိုက်သည်။ ခဏကြာမှ
MHM: 'ဪ! ဦးလေး ဒီနေ့ရော ဘာသတင်းမှမရဘူးလား?'
ULayGyi: 'အေးကွဲ့ ဟိုတစ်နေ့က ဦးကြည်ကိုတွေ့လို့ နောက်ကလိုက်ပေမယ့် လမ်းတစ်ဝက်မှာ မျက်ခြည်ပျက်သွားတယ်ကွဲ့၊ ဒါကြောင့် အခုတလောတော့ ဦးကြည်ရဲ့ အိမ်နားမှာ အစောင့်နည်းနည်းချထားလိုက်တယ်'
MHM: 'ဟုတ်ကဲ့ ဦးလေး တစ်ခုခုသိရရင် ကျွန်တော့်ကိုချက်ချင်းပြောပါ'
ULayGyi: 'ကောင်းပါပြီ မောင်ရင်'
MHM: 'ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်'
ULayGyi: 'ကောင်းပါပြီ'အိမ်သို့ပြန်ရောက်ရောက်ချင်း ဝိုင့်ကိုနွယ့်အခန်းမှာ ရှာတော့ မတွေ့။ နွယ့်အခန်းမှာ ဝိုင့်ကိုမတွေ့တော့ စိတ်ပူသွားပြီး တစ်အိမ်လုံးအနှံ့လ်ိုက်ရှာသည်။ သိပ်မကြာခင်မှာပဲ ဝိုင်က အပေါ်ထပ်မှ ယိုင်နဲ့နဲ့ဖြင့် လှေကားလက်ရမ်းကို ကုပ်တွယ်ကာဆင်းလာသည်။
MHM: 'ဟေး...မင်း ဒဏ်ရာရနေတာတောင် တော်တော်ကမြင်းပါလား။ လှေကားပေါ်တက်ဆော့နေတယ်။ နေနေ ငါလာခေါ်မယ်'
အတင်းပြေးတက်သွားပြီး ပခုံးပေါ်ထမ်းခေါ်လာသည်။ ဝိုင်ကတော့ မိုးထက်မြင့်ပခုံးပေါ်မှာ ရုန်းကန်လျှက် အောက်ချခိုင်းနေသည်။