Unicode VersionNwe: 'ဝိုင်ရေ ကိုယ့်အမျိုးသားပဲ ကိုယ်လိမ်းခိုင်းတော့။ မမ မနက်ဖြန် လေယာဉ်ချိန်က မနက်အစောကြီးမို့ အိပ်လိုက်ဦးမယ်'
နွယ်လည်း ပြောပြီးတာနဲ့ နောက်လှည့်မကြည့်တော့ပဲ တန်းပြီး အခန်းထဲဝင်သွားတော့သည်။
MHM: 'ဟေး! ဘာလို့ငိုနေတာလဲ? ထိတောင်မထိရသေးဘူး'
Wine: 'ရှင်ကိုင်ထားတဲ့ဗူးမြင်ရုံနဲ့ စပ်နေပြီလေ'
MHM: 'အရက်ပြန်နဲ့ပိုးမသတ်ရင် ဒဏ်ရာပိုဆိုးတတ်တယ်လေ'
Wine: 'ခုဏက မမ လိမ်းပေးတုန်းက ငြိမ်နေလိုက်ရမှာ...အခုတော့...'
MHM: 'အခုကဘာလို့လဲ? ခဏပဲသည်းခံရမှာပါ။ ကို့ခေါင်းကိုကိုင်ထား'
Wine: 'ရှင့်ခေါင်းကို ဘာလုပ်ရမှာလဲ?'
MHM: 'ဪ...အမိရယ် ဒီနေ့အဖို့ ဆေးလိမ်းရဦးမှာလား? လက်မအားလို့ ခေါင်းကိုင်ခိုင်းတာပေါ့။ စကားများလိုက်တာ'
ဆိုပြီး အရက်ပြန်နဲ့ ဒဏ်ရာကို ပွတ်ချလိုက်သည်။
'အား....' ခြင်္သေ့ဟိန်းသံကဲ့သို့ ကျယ်လောင်စွာအော်လိုက်သူကား မိုးထက်မြင့်။Wine: 'ဘာလို့အော်တာလဲ? နာတာ ကျွန်မလေ'
MHM: 'ဘာလို့ ဆံပင်ဆွဲတာလဲ? နာတယ်ဟ'
Wine: 'ရှင် ဘာမပြောညာမပြောနဲ့ ကျွန်မဒဏ်ရာကို ဘာလို့ အရက်ပြန်နဲ့ပွတ်လဲ?'
MHM: 'ငါပြောရင် မင်းက အကြောင်းအမျိုးမျိုးပြပြီး လှည့်ပတ်ထွက်ဦးမယ်လေ။ အဲ့ဒါကြောင့် မင်းအာရုံမရခင် ပွတ်လိုက်တာ'
Wine: 'အမ်မလေး သေပါပြီ။ ခြေထောက်တစ်ချောင်းလုံး ထူပူနေတာပဲ'
MHM: 'ဒါက ဒဏ်ရာရကာစမို့လို့ပါ။ နောက်သက်သာသွားလိမ့်မယ်'ဒဏ်ရာကိုကြည့်လျှက် ရုတ်တရက် မိုးထက်မြင့်ခေါင်းကို ရိုက်ချလိုက်သည်။
MHM: 'အား! ဘာလုပ်တာလဲ?'
Wine: 'ရှင့်ကြောင့်လေ။ ကျွန်မကို တစ်ယောက်တည်းထားခဲ့တာလေ ။ အဲ့ဆိုင်ကြီးမှာ ကျွန်မတစ်ယောက်တည်းစောင့်နေရတာ သိရဲ့လား? ဆိုင်ပိတ်တော့မယ်ဆိုလို့ အပြင်ထွက်စောင့်တော့လည်း လူက ရှင်းခြောက်နေတာပဲ။ အဲ့အချိန်မှာ တစ်ယောက်ယောက်က ကျွန်မအနောက်လိုက်နေသလိုဖြစ်လို့ ပြေးရင်း ချော်လဲတာ။ ဟိုကိုသူရိန်ကလည်း နောက်ကလိုက်နေတာ သူဆိုရင်လည်း အသံပေးတာမဟုတ်ဘူး။ ဒီမှာလူက ကြောက်လို့သေတော့မယ်။ ဒီကြားထဲ သဝန်ကြောင်တဲ့လူတစ်ယောက်ကလည်း မတ်တပ်တောင်မရပ်နိုင်တဲ့သူ့မိန်းမကို တခြားလူလက်ထဲ ထားခဲ့သေးတယ်။ အားလုံးရဲ့ တရားခံက ရှင်ပဲ သိလား?'