Unicode Versionမနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တော့ မရင်းနှီးသောအခန်းနဲ့ မရင်းနှင်းသော ကုတင်ပေါ်၌ ရောက်နေသည်ကိုတွေ့ရသဖြင့် ထိတ်လန့်သွားသည်။
ShweSin: (ဟင်! ငါဘယ်ရောက်နေတာလဲ? ဒါကဘယ်နေရာကြီးလဲ? ပြန်ပေးဆွဲခံရတာများလား? ငါ့ဆီကဘာလိုချင်လို့လဲမသိဘူး။ ငါညကဘာမှမဖြစ်သွားဘူးမဟုတ်လား?🤥)
ရောက်တက်ရာရာတွေးနေတုန်းမှာပဲ တစ်စုံတစ်ယောက်တံခါးဖွင့်ဝင်လာသည်ကိုတွေ့ရသည်။
Mark: 'ဪ! မင်းတောင်နိုးလာပြီပဲ'
ShweSin: (ဒီလူကိုတွေ့ဖူးသလိုပဲ။ ဘယ်မှာတွေ့ဖူးပါလိမ့်....🤔)
'ဪ.....ဟိုမျက်နှာရူး!'
Mark: 'ပြောပြန်ပြီ။ ဘာမျက်နှာရူးလဲ? ငါ့နာမည် Mark! သေချာခေါ်။ ဘာလဲ...လူကိုမျက်နှာရူးတဲ့။ ဘားမှာလည်း အရှက်ကခွဲသေး'
ShweSin: 'ဘား! ဟုတ်တယ် ငါညကဘားကိုသွားတာပါ။ မနက်ကျ ဘာလို့နင့်အခန်းထဲရောက်နေရတာလဲ? နင်ဘာတွေကြံစည်နေတာလဲ?'
Mark: (ငါကပဲကြံစည်ရဦးမယ်။ မနေ့ညကကိစ္စကိုသာမှတ်မိသွားရင် သူ့ကိုယ်သူသတ်သေသွားမလားမသိဘူး😑){ShweSin: ' ငါ့ဝိုင်းမှာလာမထိုင်နဲ့။ ငါတစ်ယောက်တည်းထိုင်မှာ😭'
Mark: 'ဟေး..ဟေး! မငိုနဲ့လေ။ သူများတွေငါ့ကိုတစ်မျိုးထင်နေကြဦးမယ်'
ShweSin: 'ထင်ထင်ပေါ့။ ဘာဂရုစိုက်ရမှာလဲ ငါ့ကိုထင်တာမှမဟုတ်တာ😭'
Mark: 'မငိုပါနဲ့ကွာ...! သူများတွေကြည့်နေတာ မရှက်ဘူးလား?'
ShweSin: 'ဘာလို့ရှက်ရမှာလဲ?'
Mark: 'ငိုရင်ရုပ်ဆိုးတယ်လေ။ လူတွေဝိုင်းကြည့်တာ မရှက်ဘူးလား?'
ShweSin: 'ဘယ်သူကကြည့်မှာလဲ ငါ့ကို။ ဘယ်သူမှမကြည့်ဘူးလေ။ ဘယ်သူမှဂရုလည်းမစိုက်ဘူးလေ😭'
Mark: 'မင်းပုံစံကလည်းကွာ အသည်းကွဲနေသလိုပဲ'
ShweSin: 'နင်ကငါ့ကိုလှောင်တာလား? ရတယ်လေ'ရွှေစင်ထိုင်နေရာမှ ရုတ်တရက်ထရပ်ကာ Mark ဆံပင်ကိုဆွဲ၍ 'ငါ့ကိုမလှောင်နဲ့! ငါကလှောင်စရာမဟုတ်ဘူး' ဟုသာရေရွတ်နေသည်။
Mark: 'ဟေးဟေး! ခုဏကပဲအကောင်းလေ။ အခုဘာထဖြစ်တာလဲ? မလှောင်ပါဘူး။ ငါကဘာလို့မင်းကိုလှောင်ရမှာလဲ?'
ထိုနောက် ရွှေစင်လည်း စိတ်ကိုလျှော့၍ Mark ပေါင်ပေါ်ထိုင်ချလိုက်သည်။