အခန်း(၈-၃)

380 27 0
                                    

“ဒါနဲ့ရှင်ကစာရေးဆရာလားဟင်"

“ဟင့်အင်းမဟုတ်ပါဘူး"

ရုတ်တရတ်မေးလိုက်တဲ့သူမစကားကြောင့်ကျွန်တော်ပြာပြာသလဲငြင်းလိုက်သည်။

“ဒါပေမဲ့ရှင်စကားပြောတာကအရမ်းကိုအစီ
အစဉ်ကျလွန်းတယ်။ဒီအကြောင်းအရာတွေကို
ပြောပြဖို့အတွက်တမင်တကာစာစီထားသလား
အောက်မေ့ရတယ်"

“ဟာမဟုတ်ပါဘူး။ငါကဒီနယ်သားပဲ။ကိုယ့်နယ်အကြောင်းတော့ကိုယ်သိတာပေါ့။ဒါပေမဲ့မင်းတို့နှစ်ယောက်ကိုအခုလိုပြောပြနေတဲ့အချိန်မှာ
ဆရာကြီးသော်တာဆွေရဲ့ကြိုးကြာငှက်အကြောင်းကိုသွားပြီးသတိရမိတယ်”

“ဘာဖြစ်လို့လဲ။ကြိုးကြာငှက်အကြောင်းကို
ဆရာကြီးသော်တာဆွေကဘယ်လိုရေးထားလို့လဲ"

“ဆရာကြီးကစာတွေပေတွေထဲမှာကြိုးကြာ
ငှက်သံဆိုတာအလွန်နားဝင်ချိုတဲ့အသံပဲလို့ဖတ်ဖူးထားတယ်။ဒီတော့အဲဒီငှက်တွေအော်တဲ့အသံကိုကြားဖူးချင်နေတယ်။တစ်နေ့တော့ဆရာကြီးသော်တာဆွေကတောရွာလေးတစ်ရွာကိုရောက်သွားတယ်။

အဲဒီရွာကနွားကျောင်းသားလေးနေတဲ့တဲမှာကြိုး
ကြာငှက်တစ်ကောင်ကိုမွေးထားတယ်။ဆရာ
ကြီးကနွားကျောင်းသားလေးကို“ဒီကြိုးကြာငှက်
ဘယ်အချိန်အော်သလဲ"လို့မေးကြည့်လိုက်တယ်။နွားကျောင်းသားလေးပြန်ဖြေတာက-
“သူအော်ချင်တဲ့အချိန်အော်တာပေါ့”တဲ့။

ဒါနဲ့ဆရာကြီးက“ကြိုးကြာငှက်အော်တဲ့အသံကဘယ်လိုအသံမျိုးလဲ"လို့ဆက်မေးတော့နွားကျောင်းသားလေးကပြန်ဖြေတယ်။“ငှက်သံပါပဲ”တဲ့။

နွားကျောင်းသားလေးပြောတာမှန်ပါတယ်။ငှက်
အော်တာငှက်သံပဲထွက်မှာပေါ့။ဒါပေမဲ့စာရေးဆရာတွေကတော့ကြိုးကြာငှက်တွန်သံကဲ့သို့ကရဝိတ်ငှက်၏အသံကဲ့သို့အလွန်သာယာနာပျော်ဖွယ်ကောင်းလှပေ၏ဆိုတာမျိုးတွေရေးတတ်ကြတယ်လေ"

“အဲဒီကြိုးကြာငှက်နဲ့ရှင်ကျွန်မတို့ကိုပြောပြတဲ့အကြောင်းအရာတွေကဘယ်လိုများဆက်စပ်
နေလို့လဲ"

မေးခွန်းကလည်းမေးတတ်လိုက်တာ။သူ့မေး
ခွန်းကြောင့်ကျေးဇူးတောင်တင်မိသည်။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now