အခန်း(၃၄)

193 18 0
                                    

ိဖြူ နှင့်မို့မို့လွင်တို့နှစ်ယောက်ရွာပြန်ရောက်လာ
ကြသည်။မို့မို့လွင်ကဖြူ့ ကိုနှုတ်ဆက်ပြီးပြန်သွားသည်။မို့မို့လွင်ပြန်သွားပြီးမရှေးမနှောင်းတွင်ပိုင်
ရောက်လာခဲ့သည်။ပိုင်ကရောက်ရောက်ချင်းအိမ်ထဲပြေးဝင်လာပြီးဖြူ့ ဘေးတွင်ဝင်ထိုင်လိုက်
သည်။

“ဖြူ ဘာဖြစ်သွားသေးလဲ”

“ကျွန်မဘာဖြစ်လို့လဲ”

“မင်းလမ်းမှာအလုခံရတယ်ဆို”

ဖြူ့ မျက်ခုံးလေးတွေမြင့်တက်သွားရသည်။သူမကအံ့သြဟန်နှင့်-

“ရှင်ဘယ်လိုလုပ်သိတာလဲ”

“နေရဲအခုပဲငါ့ကိုဖုန်းဆက်တယ်”

“နေရဲကဘာလို့ရှင့်ကိုဖုန်းဆက်တာလဲ”

ပိုင်ကဖြူ မေးတာကိုမဖြေ။သူပြောချင်တာကိုပဲ
ဆက်ပြောသည်။

“မင်းဆိုင်ကယ်လဲသွားသေးတယ်ဆို။ပြီးတော့
မင်းရဲ့ခြေထောက်ကိုအိတ်ဇောကပ်မိလို့ခြေ
ထောက်မှာအပူလောင်သွားတယ်လို့ပြောတယ်”

ဖြူ ကနေရဲကိုလှမ်းကြည့်လိုက်သည်။နေရဲက
ဇတ်ကလေးပုပြီးလျှာထုတ်ပြနေသည်။

“သတင်းပို့တာကလည်းတိကျမြန်ဆန်လိုက်
တာ။နေရဲကရှင့်ရဲ့စပိုင်လား”

“စပိုင်မဟုတ်ပါဘူး။စပိုင်ဆိုတာကမသိအောင်
ခိုးလုပ်တာ။ငါနဲ့နေရဲကပေါ်တင်သတင်းအပေးအယူလုပ်တာပါ”

“ထားပါတော့။ရှင်စိုးရိမ်ရလောက်တဲ့အခြေအ
နေမျိုးမဟုတ်ပါဘူး”

“နေရဲပြောတာကတော့မင်းရဲ့အပူလောင်နာကတော်တော်ဆိုးတယ်တဲ့"

“အပူလောင်တာအပေါ်ယံပဲဖြစ်တာပါ။ဆေး
လိမ်းပေးရင်သက်သာသွားမှာပါ”

“ဟုတ်လား။အဲဒါဆိုမင်းဒဏ်ရာငါ့ကိုပြကြည့်”

“ဘာလို့ပြရမှာလဲ”

“မင်းပြောသလိုဆေးလိမ်းရုံနဲ့သက်သာသွားမဲ့
ဒဏ်ရာလားသိချင်လို့ပါ”

“မပြချင်ပါဘူး”

“ပြစမ်းပါ။ငါကိုယ်တိုင်မင်းရဲ့ဒဏ်ရာကိုကြည့်ပြီးအတည်ပြု ကြည့်မလို့”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now