အခန်း(၁၀၀)

247 10 0
                                    

ပိုင်ကသူ့အဖေကိုနားလည်အောင်ရှင်းပြလိုက်သည်။

“အဖေ့ကိုကြိုမပြောတာကအဖေကရတနာတွေရထားမှန်းကြိုသိနေခဲ့ရင်ရတနာသေတ္တာသွားရှာတဲ့အချိန်မှာသဘာဝကျကျသရုပ်ဆောင်တတ်မှာမဟုတ်ဘူး။အဖေဟန်မဆောင်တတ်တာနဲ့ပဲဦးဆွေကရိပ်မိသွားမှာစိုးလို့ပါ”

“သြော်အဲဒါကြောင့်ဘဆွေသံသယမဝင်အောင်အဖေ့ကိုပါမပြောဘဲထားကြတယ်ပေါ့လေဟုတ်လား”

“အဟဲ…အဲဒါကဦးဆွေနဲ့အဖေကလေတစ်အိမ်
တည်းနေပြီးအမြဲတမ်းမြင်တွေ့နေကြတာဆိုတော့…"

ဦးကောင်းစင်ကသူ့သားစကားကိုခေါင်းတညိမ့်ညိမ့်နှင့်-

“တော်ပါပေ့ငါ့သားရယ်"

“ကျွန်တော်ကတော်တာမဟုတ်ပါဘူး။ဒါတွေအားလုံးကဖြူ့ ရဲ့အကြံအစည်တွေပါ”

“ငါ့ချွေးမလောင်းလေးကတော်လိုက်တာ"

“အဖေကအခုကတည်းကချွေးမစာရင်းသွင်းနေ
ပြီလား”

“သွင်းရမှာပေါ့။သူကသားရဲ့ဖူးစာရှင်လေ”

“ဟုတ်ပါပြီအဖေရယ်။ပြီးတော့ဒီအောင်မြင်မှုမှာဦးလေးသောင်းထိုက်ရဲ့ကြိုးစားအားထုတ်မှုတွေလည်းပါတယ်။သူတို့သာမကူညီရင်ဒီကိစ္စကဒီလိုအဆင်ပြေမှာမဟုတ်ဘူး”

ဦးကောင်းစင်ကဦးသောင်းထိုက်ပုခုံးကိုဆုပ်ကိုင်ပြီး-

“ညီလေးသောင်း…မင်းနဲ့မင်းတပည့်တွေကို
ကျေးဇူးတင်ပါတယ်"

“အီးဟီးဟီး…”

ကျေးဇူးတင်စကားပြောလိုက်မှရုတ်တရတ်ကြီး
ငိုချလိုက်တဲ့ဦးသောင်းထိုက်ကြောင့်အကုန်လုံး
ကြောင်သွားရသည်။

“မင်းဘာဖြစ်လို့ငိုနေတာလဲ"

“ကျွန်တော်အကိုကြီးဆီမှာတောင်းပန်စရာ
ရှိတယ်”

“ဘာကိစ္စကိုလဲ”

“အမှန်အတိုင်းပြောရရင်ကျွန်တော်ကကျွန်တော်တို့မိသားစုရဲ့ရတနာမြေပုံကိုလောဘတက်ခဲ့မိတယ်"

“ဟင်"

ဦးကောင်းစင်အံ့သြသွားရသည်။

“မင်းဘယ်တုန်းကလောဘတက်ခဲ့တာလဲ"

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now