မနက်ခုနှစ်နာရီခန့်တွင်နေရဲတို့အိမ်သို့ပိုင်ရောက်လာခဲ့သည်။သူရောက်ပြီးခဏအကြာတွင်ဖြူ ကအိတ်တစ်လုံးဆွဲပြီးအိမ်ထဲမှထွက်လာသည်။ပိုင်ဖြူ့ လက်ထဲကအိတ်ကိုတောင်းလိုက်သည်။
“ပေးလေဖြူ …ငါသယ်ပေးမယ်”
“နေပါစေ။ကျွန်မဘာသာသယ်မယ်"
“ပေးပါဖြူ ရဲ့"
ပိုင်ကဖြူ့ လက်ထဲကအိတ်ကိုဆွဲလုနေသဖြင့်ဖြူ ကအိတ်ကိုပြန်ဆွဲရင်းပိုင့်ကိုမေးလိုက်သည်။
“ရှင်ကစောစောစီးစီးဒီကိုဘာလာလုပ်တာလဲ”
“ဖြူ တို့နှစ်ယောက်ကိုလိုက်ပို့မလို့လေ"
“ကျွန်မတို့နှစ်ယောက်ကိုပို့မလို့”
ဖြူ ကနေရဲကိုလှည့်ကြည့်လိုက်သည်။
“နေရဲနင်ပြောတော့နင့်အဖေလိုက်ပို့မှာဆို”
“ဟုတ်တယ်ဆရာမရဲ့။ဒါပေမဲ့ညတုန်းကအဖေဖုန်းဆက်တယ်။အဖေ့မှာအလုပ်ကိစ္စပေါ်လာလို့အကိုကြီးကိုပဲပို့ခိုင်းလိုက်ပါတဲ့။ဒါကြောင့်ကျွန်တော်ကအကိုကြီးဆီိကိုအကူအညီတောင်းလိုက်တာ”
“ဖြစ်မှဖြစ်ရလေနေရဲရယ်။သူလိုက်ပို့မှာမှန်းသိရင်ငါအစကတည်းကအိမ်မပြန်ပါဘူး"
“ဆရာမကလဲ။သွားကာနီးကျမှကတိမဖျက်ပါနဲ့။သားကဆရာမတို့အိမ်ကိုလိုက်ချင်တာပါဆို”
“ဟုတ်သားပဲဖြူ ကလဲ။နေရဲကိုအိမ်အလည်ခေါ်မယ်ပြောထားပြီးမှကတိမဖျက်ပါနဲ့။ကိုယ်ကဖြူ တို့နှစ်ယောက်ကိုအိမ်အထိလိုက်ပို့ပေးမှာပါ”
“မလိုပါဘူး။ကားဂိတ်အထိပို့ပေးရင်ရှင့်တာဝန်
ကျေပါတယ်"“ဟုတ်ကဲ့ပါဗျာ။ကားဂိတ်ထိပို့ပေးပါ့မယ်”
ပိုင်ကဖြူ့ လက်ထဲကအိတ်ကိုဆွဲယူပြီးကားထဲထည့်လိုက်သည်။ဖြူ နှင့်နေရဲကားထဲရောက်လျှင်
ပိုင်ကကားကိုသူ့အိမ်ရှိရာဘက်သို့သွားသည့်လမ်းအတိုင်းမောင်းလာခဲ့သည်။“ရှင်ဘယ်ကိုမောင်းနေတာလဲ။အရှေ့ဘက်ကို
မောင်းရမှာမဟုတ်ဘူးလား"“ဟုတ်ပါတယ်ဖြူ ရဲ့။အခုကအိမ်ကိုခဏဝင်မလို့ပါ”
“ရှင်တော်တော်ဇယားရှုပ်တဲ့လူပဲ။အဲဒါကြောင့်မို့ရှင့်ကိုလိုက်မပို့ခိုင်းချင်တာ”
YOU ARE READING
The Love Tree, 600 years ago (u&z)(Completed)
Historical Fictionလွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ရာကတည်းကရှင်သန်နေသောသစ်ပင်တစ်ပင်။ကျိန်စာမိပြီးမသေနိုင်သောလူတစ်ယောက်။နှစ်ခြောက်ရာသစ်ပင်ကိုစိုက်ပျိုးခဲသည့်မိန်းကလေးနှင့်ကျိန်စာတိုက်ခဲ့သူလူတစ်ယောက်တို့ဒီဘက်ခေတ်တွင်ပြန်လည်ဆုံတွေ့ကြသောအခါ... Unicode လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်...