အခန်း(၄၅)

179 13 0
                                    

ပိုင်ကခုံတစ်လုံးတွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ဘဆွေကသူ့အနားကိုရောက်လာပြီး-

“ဘယ်လိုလဲအကိုလေး…မို့မို့လွင်နဲ့ကိစ္စအဆင်ပြေလား”

“မို့မို့လွင်ကဘာပြောပြောအားလုံးအိုကေနေတယ်။ဒါပေမဲ့ကျွန်တော့်စိတ်ထဲမှာမို့မို့လွင်ကိုမရင်းနှီးဘူးဖြစ်နေတယ်။ဖြူ့ အကြောင်းကိုတွေးမိ
ရင်မို့မို့လွင်ကခေါင်းထဲကနေအလိုလိုပျောက်
သွားတယ်”

“ဒီဆရာမလေးနှစ်ယောက်ကနေရာချင်းလွဲနေတာလားမသိဘူးနော်အကိုလေး”

ဦးဆွေစကားကြောင့်ထိုင်ခုံပေါ်မှီထားသည့်ပိုင့်
ခေါင်းကမတ်ခနဲ့ထောင်သွားသည်။

“ဦးဆွေပြောတာဖြစ်နိုင်တယ်။သူတို့နှစ်ယောက်ကနေရာချင်းလွဲနေတာနေမှာ။ဘဝဟောင်းကဖူးစာရှင်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးကျွမ်းဝင်နေတယ်လို့ခံစားရမှာလေ”

“ဟုတ်တာပေါ့။ရှေးရေစက်ကြောင့်မြင်မြင်ချင်း
ချစ်မိကြတယ်ဆိုတဲ့စကားတောင်ရှိသေးတာ”

“ဒါဆိုဖြူ့ ကိုကျွန်တော်တို့မိသားစုအကြောင်း
ဖွင့်ပြောရမလား"

“အကိုလေးသဘောပဲ"

“အဲလိုလည်းမဖြစ်သေးပါဘူး။တော်ကြာကျွန်
တော်တို့မိသားစုရဲ့လျို့ဝှက်ချက်ကအကောင်
အထည်မပေါ်ဘဲနဲ့ကျွန်တော်ပဲစောက်ပေါကြီး
ဖြစ်သွားလိမ့်မယ်"

“အဲဒါလည်းဟုတ်တာပဲ"

ထို့နောက်တွင်တော့နှစ်ယောက်လုံးသက်ပြင်းကိုယ်စီချပြီးငြိမ်ကျသွားသည်။

🍎

🍒

🍉

ဒီနေ့စနေနေ့ကျောင်းပိတ်ရက်။မနက်(၇)နာရီကတည်းကဖြူ ကမန္တလေးသို့ပြန်ရန်ပြင်ဆင်ပြီးနေသည်။အိမ်ရှေ့မှကားသံကြားတော့သူမကနေရဲအဖေရောက်လာသည်ဟုထင်လိုက်မိသည်။ထို့ကြောင့်အိတ်တစ်လုံးကိုဆွဲပြီးအခန်းထဲမှထွက်လာခဲ့သည်။

ဧည့်ခန်းထဲတွင်ပိုင့်ကိုမထင်မှတ်ဘဲမြင်တွေ့
လိုက်ရသည့်အခါသူမစိတ်ကသိကအောက်ဖြစ်သွားရသည်။ပိုင်က-

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now