အခန်း(၄၀)

190 14 0
                                    

ဖြူ အိမ်ထဲရောက်လျှင်ဦးဆွေကဖျော်ရည်တစ်ခွက်လာချပေးသည်။

“ဦးဆွေဒါက…"

“နဂါးမောက်သီးဖျော်ရည်လေ။အနောက်ဘက်ကခြံထဲမှာစိုက်ထားတာ”

“ဦးဆွေတို့ခြံကြီးကလိုတရခြံကြီးလား”

“အင်း…ဟုတ်တာပေါ့။ဆရာမလေးဖျော်ရည်
သောက်ပြီးရင်အနားယူနှင့်ကျွန်တော်ထမင်း
ဝိုင်းပြင်လိုက်ဦးမယ်”

ဖြူ ကဖျော်ရည်ကိုတကျိုက်သောက်ပြီးပိုင့်ကို
လှည့်ကြည့်သည်။

“ရှင်ဘာဖြစ်လို့ရွာမှာမနေတာလဲဆိုတာကျွန်မသိသွားပြီ”

“အင်းပြောစမ်းပါဦး”

“ဒီနေရာကအစစအရာရာပြည့်စုံပြီးတိတ်ဆိတ်
ငြိမ်သက်တယ်။ရှင့်အတွက်တော့နိဗ္ဗာန်ဘုံပဲလေ။ရှင်ကလူတွေနဲ့သိပ်ပြီးရောရောနှောနှောမနေဘူးလို့အန်တီနုကပြောဖူးတယ်။ဟုတ်တယ်မို့
လား”

ပိုင်ကဖြူ့ ကိုကြည့်ပြီးပြုံးနေသည်။သူ့အပြုံးက
ဖြူ့ ကိုခေါ်လာရကျိုးနပ်သည်ဟုကျေနပ်ပျော်ရွှင်
နေသည့်အပြုံး။ကြည်လင်ရွှင်ပျနေသည့်အပြုံး။ဖြူ က-

“ဒီနေရာကရွာနဲ့ဝေးပြီးမီးရတယ်နော်”

“အင်း…အဲဒါဆရာတော်ဘုရားကိုကျေးဇူးတင်
ရမယ်။ငါတို့ခြံရဲ့တောင်ဘက်ခပ်လှမ်းလှမ်းမှာဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။မယ်ဇယ်
ကုန်းရွာတောင်ကျောင်းပေါ့။ဆရာတော်ကအဲဒီ
ကျောင်းအထိမီးရစေချင်လို့ဓာတ်တိုင်အများကြီးသီးသန့်စိုက်ပြီးမီးသွယ်ပေးခဲ့တယ်။

ငါတို့မိသားစုကအဲဒီဓာတ်တိုင်တွေသွယ်တန်းဖို့ဓာတ်တိုင်နဲ့မီးကြိုးတွေကုန်ကျသလောက်လှူ
ဒါန်းပေးခဲ့တာလေ။ဒါကြောင့်မို့ဒီတောထဲမှာမီး
ရလာခဲ့တာ။ဖြူ ခဏလေးနော်”

ပိုင်ကနေရာကထပြီးမျက်နှာချင်းဆိုင်ကအခန်းတစ်ခုထဲဝင်သွားသည်။ပြန်ထွက်လာတော့ပိုင့်လက်ထဲတွင်လက်ဆွဲအိတ်လေးပါလာသည်။

“ဒါလေးမင်းကိုပေးချင်လို့မနက်ကငါမြို့ထဲသွား
ပြီးဝယ်ခဲ့တာ”

“ဘာလဲ”

“ထုတ်ကြည့်လိုက်လေ”

ဖြူ ကအိတ်ထဲမှပစ္စည်းကိုထုတ်ကြည့်လိုက်သည်။အိတ်ထဲကထွက်ပေါ်လာတဲ့အရာက apple တံဆိပ်နဲ့ဖုန်းအသစ်လေးတစ်လုံး။ဈေးနှုန်းကပ်
မထားပေမဲ့ဈေးကြီးမှန်းတော့ဖြူ သိသည်။

The Love Tree, 600 years ago (u&z)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ