အခန်း(၅၄)

168 16 0
                                    

ဖြူ အိမ်ကထွက်သွားပြီးမကြာမီအန်တီနုနှင့်ပိုင်တို့ပြန်ရောက်လာကြသည်။ပိုင်ကကားပေါ်ကအထုပ်တွေချပေးရင်းဦးသောင်းထိုက်ကိုမေးလိုက်သည်။

“ဦးလေး…ဖြူ ပြန်ရောက်နေပြီလား”

“အေးရောက်နေပြီ။ဒါပေမဲ့ချက်ချင်းပြန်ထွက်သွားတယ်”

“ဘယ်ကိုထွက်သွားတာလဲဦးလေး"

“မသိဘူးလေ။ငါမေးတာကိုအပြင်သွားမယ်လို့ပဲပြောသွားတယ်"

“မို့မို့လွင်နဲ့သွားတာလား"

“မဟုတ်ဘူး။သူတစ်ယောက်တည်းသွားတာ”

“ဦးလေးကလဲဗျာ။အခုမှဆေးရုံကဆင်းလာတဲ့လူကိုဘာဖြစ်လို့တစ်ယောက်တည်းလွှတ်ရတာလဲ”

“ငါကလွှတ်တာမဟုတ်ပါဘူး။ငါလိုက်ပို့မယ်
ပြောတာကိုလက်မခံဘဲသူ့ဟာသူထွက်သွား
တာပါ"

“အဲဒါဆိုကျွန်တော်လိုက်သွားမယ်။ဘယ်ဘက်ကိုသွားတာလဲ”

“မြောက်ဘက်ကိုသွားတာ"

ပိုင်ကကားတံခါးကိုဆွဲဖွင့်ပြီး-

“ဦးဆွေအဲဒီမြောက်ဘက်ကိုမောင်းဖြူ့ နောက်ကိုလိုက်ကြမယ်”

ပိုင်နှင့်ဘဆွေရွာထိပ်သို့ရောက်လာကြသည်။ရွာထိပ်ရှိဓာတ်ဆီဆိုင်တွင်ကားရပ်ပြီးပိုင်ကလူတစ်
ယောက်ကိုလှမ်းမေးလိုက်သည်။

“ဦးလေးထွန်း…ဆရာမဖြူ ဖြူ ကိုမြင်လိုက်မိလား။သူဒီလမ်းကလာသေးလား”

“လာတယ်ကွ။ငါ့ဆိုင်ကိုဓာတ်ဆီဝင်ဖြည့်သွားတယ်”

“ဟုတ်လား။ဒါဆိုသူဘယ်ကိုထွက်သွားတာလဲ”

“သူပြောတာတော့အင်းဝမြို့ဟောင်းကိုသွားမလို့တဲ့”

“အင်းဝမြို့ဟောင်း”

ပိုင်ကသံယောင်လိုက်ကာရေရွတ်မိရင်း-

“သူကဘာဖြစ်လို့အင်းဝမြို့ဟောင်းကိုသွားတာလဲ”

“မသိဘူးလေ။ငါကသူ့ကိုဘယ်သွားမလို့လဲလို့
မေးတာကိုသူကအင်းဝမြို့ဟောင်းလို့ပြောသွားတာပဲ”

ပိုင်နှင့်ဘဆွေတို့ဖြူ့ နောက်ကိုလိုက်ရပြန်ပြီ။ပထမတစ်ကြိမ်တုန်းကဖြူ ဘာလို့သွားတာလဲ
သိချင်လို့လိုက်ချောင်းတာ။အခုကနေမကောင်း
ဖြစ်နေတဲ့ဖြူ့ ကိုစိတ်မချလို့လိုက်ရှာရမှာ။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now