ဖြူ စီးသည့်လိုင်းကားကကားဂိတ်မှစထွက်သည်။လိုင်းကားထွက်သွားသည်နှင့်ကားနက်လေးတစ်စီးကလိုင်းကားနှင့်ယှဉ်မောင်းပြီးကားမှန်တံ
ခါးပွင့်သွားသည်။ကားထဲကပိုင်ကတစ်ဖက်ကကားဒရိုင်ဘာကိုလှမ်းအော်လိုက်သည်။“ကားဆရာကြီးကားကိုခဏရပ်ပေးပါ။ခဏ
လေးရပ်ပေးပါ”ကားဒရိုင်ဘာကဘုမသိဘမသိနှင့်ကားကိုရပ်
လိုက်သည်။ကားနက်လေးထဲကပိုင်ထွက်လာ
ပြီးလိုင်းကားနောက်ခန်းထဲကိုပြူးပြဲကြည့်နေတော့ဖြူ ပိုင့်ကိုမြင်သွားသည်။ပိုင်ကလည်းဖြူ့ ကို
မြင်တာနဲ့ဝမ်းသာအားရလေသံနှင့်-“ဖြူ အောက်ဆင်းခဲ့"
“မဆင်းပါဘူး။ဘာလို့ဆင်းရမှာလဲ"
“ဆင်းခဲ့ပါဖြူ ရယ်။ဖြူ စိတ်ဆိုးနေမှန်းမောင်သိပါတယ်။နောက်ဆိုရင်ဖြူ စိတ်ဆိုးအောင်မောင်မလုပ်တော့ပါဘူး”
ပိုင်ကသူ့ကိုယ်သူမောင်ဟုပြောလိုက်သဖြင့်
ဖြူ့ မျက်နှာနီရဲသွားသည်။ပိုင်ဒီနေ့ကျမှဘာတွေလာကြောင်နေသည်မသိ။သူမကကားစပါယ်
ယာကိုလှမ်းပြောလိုက်သည်။“အကိုကြီးကားကိုမြန်မြန်မောင်းခိုင်းပေးပါ။ဒီလူကကျွန်မကိုနှောက်ယှက်နေတာပါ”
“မဟုတ်ဘူးဖြူ ။မင်းညာမပြောနဲ့”
“ရှင်သာညာမပြောနဲ့။ရှင်နှောက်ယှက်နေတာအသိသာကြီး"
ပိုင်ကကားနောက်မြီးမှာမတ်တပ်ရပ်နေသည့်ကားစပါယ်ယာကိုမော့ကြည့်ပြီး-
“အကိုကြီးသူပြောတာကိုမယုံပါနဲ့။သူကကျွန်
တော့်မိန်းမပါ”“မဟုတ်ဘူး။တောင်းပန်ပါတယ်အကိုကြီး။ကားကိုမြန်မြန်မောင်းထွက်ပေးပါ”
ဖြူ နဲ့ပိုင်တစ်ယောက်တစ်ပေါက်ပြောနေတော့
စပါယ်ယာကကားရှေ့မှဒရိုင်ဘာကိုလက်ဝှေ့
ရမ်းပြပြီး-“ဆွဲဆရာရေ့…”
ဒရိုင်ဘာကကားကိုချက်ချင်းပဲမောင်းထွက်လိုက်
သည်။ပိုင်ကသူ့ကားပေါ်ကမန်းကတန်းပြေးတက်ပြီးလိုင်းကားနောက်ကိုအမှီလိုက်သည်။လိုင်းကားကိုမှီသွားတော့လိုင်းကားနှင့်ယှဉ်မောင်းပြီးလိုင်းကားကိုကျော်တက်လိုက်သည်။
YOU ARE READING
The Love Tree, 600 years ago (u&z)(Completed)
Historical Fictionလွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ရာကတည်းကရှင်သန်နေသောသစ်ပင်တစ်ပင်။ကျိန်စာမိပြီးမသေနိုင်သောလူတစ်ယောက်။နှစ်ခြောက်ရာသစ်ပင်ကိုစိုက်ပျိုးခဲသည့်မိန်းကလေးနှင့်ကျိန်စာတိုက်ခဲ့သူလူတစ်ယောက်တို့ဒီဘက်ခေတ်တွင်ပြန်လည်ဆုံတွေ့ကြသောအခါ... Unicode လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်...