အခန်း(၄၉)

171 14 0
                                    

အိမ်တွင်ကျန်ခဲ့သည့်နေရဲကညခုနှစ်နာရီထိုးသည်နှင့်ဇော်ဂျီရုပ်ထဲမှလူနှင့်စကားပြောဖို့ပြင်လေသည်။ဇော်ဂျီရုပ်ထဲမှထွက်လာသည့်လူကစားပွဲပေါ်တွင်ရှောက်ချိုသီးများကိုတွေ့သဖြင့်နေရဲကိုမေးလိုက်သည်။

“မင်းဒီအသီးတွေဘယ်ကရတာလဲ”

“ကျွန်တော်တို့ခြံထဲကအဖေခူးလာတာ။ဦးဇော်ဂျီစားမလား”

“မစားချင်ပါဘူး။ငါကသက်ရှိလူသားတစ်ယောက်မှမဟုတ်တာ။စားလည်းဘာမှမထူးဘူး။မင်းတို့ခြံကဘယ်နားမှာရှိတာလဲ”

“ကျွန်တော်တို့ရွာအရှေ့ဖျားမှာ။အဖေကခြံထဲမှာပဲနေတယ်”

“ခြံထဲမှာဘာတွေစိုက်ထားတာလဲ”

“အစုံပဲ။ခြံထဲမှာသီးပင်စားပင်တွေအစုံရှိတယ်။အဓိကကတော့ပန်းစိုက်တာ။နှင်းဆီခင်းတွေ၊သပြေခင်းတွေအများကြီးပဲ။ပြီးတော့ခြံထဲမှာ
ဆန်စက်လည်းရှိတယ်”

“ဆန်စက်”

“အာ…ဦးဇော်ဂျီကမသိလောက်ဘူး။ဆန်စက်ဆိုတာစပါးကိုဆန်ဖြစ်အောင်လုပ်တဲ့ဟာကိုပြောတာ”

“သြော်မောင်းထောင်းတာလား”

“မောင်းထောင်းတယ်လို့ခေါ်တာလား”

“အင်းလေ။စပါးကိုဆန်ဖြစ်အောင်လုပ်တာ
လေ”

“သြော်…အင်း…အင်း”

နေရဲလူစဖြစ်ကတည်းကရွာမှာမောင်းထောင်းတာမမြင်ဖူးဘူး။ဒါပေမဲ့သူပြောတာကိုယ်မသိ၊ကိုယ်ပြောတာသူမသိဆိုတော့အင်းလို့ပဲပြော
လိုက်ရသည်။

ဦးဇော်ဂျီကရှောက်ချိုသီးတစ်လုံးကိုကောက်ကိုင်ပြီး-

“ဒီအသီးတွေကိုမြင်တော့ညီမလေးကိုအရမ်းသတိရတယ်"

“ဘယ်ကညီမလေးလဲ…ဦးဇော်ဂျီမှာညီမရှိလို့လား"

“ရှိတာပေါ့”

“ဘယ်သူလဲ”

“ပန်းဝါ”

“ဟင်ဒါဆိုဦးဇော်ဂျီပြောပြတဲ့ဇာတ်လမ်းထဲက
ပန်းဝါလား”

“ဟုတ်တယ်။ညီမလေးကရှောက်ချိုသီးအရမ်း
ကြိုက်တာ”

“အဲဒီဇာတ်လမ်းကိုဆက်ပြောပြပါဦး။ရွာကလူ
တွေနေကောင်းသွားကြလား”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now