အခန်း(၃၅)

196 13 0
                                    

ပိုင်လူနာစမ်းသပ်ခန်းထဲကထွက်လာတော့အ
ခန်းအပြင်ဘက်တွင်အောင်ထိုက်ကိုမထင်မှတ်
ဘဲတွေ့လိုက်ရသည်။

“ဖြူ့ အခြေအနေဘယ်လိုလဲ”

“ကောင်းပါတယ်”

“မင်းတကယ်ပဲဖြူ့ ကိုလက်မလွှတ်ဘူးလား”

“ဘာ”

“ငါအခုမှသတင်းရလို့ချက်ချင်းလိုက်လာခဲ့တာ”

“အဲဒီတော့ဘာဖြစ်လဲ”

“ငါလည်းဖြူ့ ကိုဂရုစိုက်နိုင်ပါတယ်”

ပိုင်ကခေါင်းခါရမ်းလိုက်သည်။

“ငါအစကတည်းကမင်းကိုမယုံခဲ့သင့်ဘူး”

“မင်းဘာပြောချင်တာလဲ”

“မင်းဖြူ့ ကိုကောင်းကောင်းဂရုစိုက်ပေးမယ်ထင်လို့ငါဖြူ့ ကိုထားခဲ့တာ။အခုဖြူ ဒုက္ခရောက်နေ
ပြီလေ”

“ငါဖြူ့ ကိုဂရုမစိုက်တာမဟုတ်ဘူး။ဖြူ ကငါ
လိုက်ပို့ပေးမှာကိုလက်မခံခဲ့တာ”

“ငါသာမင်းနေရာမှာဆိုရင်မဖြစ်မနေလိုက်ပို့ပေးခဲ့မှာပဲ”

“ယုံပါတယ်။မင်းကအဲလိုလုပ်မဲ့လူမျိုးပဲ။ဒါပေမဲ့ဖြူ ကငါ့ကိုဘာပြောခဲ့လဲသိလား။ရွာကလူတွေရဲ့အ
မြင်မှာယောက်ျားလေးတွေနဲ့တွဲသွားတွဲလာလုပ်
နေတယ်လို့အထင်မခံနိုင်ဘူးတဲ့။ငါကဖြူ့ ရဲ့ဂုဏ်
သိက္ခာကိုငဲ့ပြီးဖြူ့ ဆန္ဒအတိုင်းနေပေးခဲ့တာ။ငါ
ဖြူ့ ကိုဂရုမစိုက်ခဲ့တာမဟုတ်ဘူး”

“ရှင်တို့နှစ်ယောက်ဘာတွေစကားများနေကြတာလဲ”

ဖြူ ကအခန်းဝတွင်ပေါ်လာပြီးမေးလိုက်တော့
နှစ်ယောက်လုံးဖြူ့ ကိုအပြေးအလွှားလာတွဲခေါ်
ကြသည်။ဆေးခန်းအကူမိန်းကလေးကပိုင်နှင့်
အောင်ထိုက်ကိုကြည့်ပြီး-

“ကိုအောင်ထိုက်တို့ညီအကိုနှစ်ယောက်ကဆ
ရာမလေးကိုသိပ်ဂရုစိုက်ကြတာပဲ။အကြိုက်ချင်းတူတယ်ထင်တယ်နော်”

မိန်းကလေးစကားကအနှောင့်အသွားမလွတ်
သဖြင့်ဖြူ့ မျက်နှာနီရဲသွားသည်။ပိုင်ကထိုမိန်းကလေးကိုမျက်လုံးပြူးပြီးကြည့်လိုက်ရာမိန်း
ကလေးကပုခုံးလေးတွန့်ပြီးတစ်ဖက်သို့ပြန်လှည့်သွားသည်။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now