အခန်း(၈၂)

160 11 0
                                    

နေရဲကသူ့ကိုယ်သူအပြစ်တင်နေတာမို့ပိုင်က
နေရဲကိုနှစ်သိမ့်ပေးလိုက်သည်။

“မင်းအပြစ်ချည်းပဲမဟုတ်ပါဘူးနေရဲရယ်။ဒါပေမဲ့ဒီကိစ္စဖြစ်သွားတာတစ်မျိုးကောင်းပါတယ်။ဖြူ က
သူ့အကိုကိုမြင်ပြီးသူ့ရဲ့အတိတ်ဘဝကိုပြန်သတိရသွားတယ်လေ"

“ဟုတ်တယ်ဆရာမကဦးလေးသူခေါင်ကိုမြင်ပြီးဘဝဟောင်းကိုပြန်မှတ်မိသွားတာ"

“ဒီကိစ္စကမင်းဦးလေးတစ်ယောက်တည်းဒုက္ခ
္ခရောက်နေတာမဟုတ်ဘူး။ဘေးကနေကြည့်နေ
ရတဲ့ငါတို့လည်းသူနဲ့ထပ်တူဒုက္ခခံနေရသလိုပဲ။ဒီကိစ္စကိုမြန်မြန်အကောင်အထည်ဖော်မှဖြစ်မယ်။
ဒါနဲ့နေရဲမင်းဒီအရုပ်လေးကိုဘယ်ကရတာလဲ"

“အင်းဝမြို့ဟောင်းကိုသွားတုန်းကလေ…ရှေး
ဟောင်းပစ္စည်းဆိုင်ကဝယ်လာတာ"

“မင်းကဘာစိတ်ကူးပေါက်ပြီးဝယ်လာတာလဲ။ဒီလိုအရုပ်တွေမင်းအကြိုက်လည်းမဟုတ်ဘဲနဲ့”

“ကျွန်တော်လည်းသေချာမသိဘူး။ဒီအရုပ်ကိုမြင်မြင်ချင်းအရမ်းကိုလိုချင်နေခဲ့တာ။မျက်နှာတောင်လွှဲလို့မရဘူး”

“ဘဝဟောင်းကရေစက်တွေပဲ။ဒီအရုပ်ထဲမှာ
မင်းဦးလေးရှိနေမှန်းမင်းဘယ်လိုသိသွားတာလဲ”

“အဲဒါကကျွန်တော်လက်ကမြင်းပြီးအရုပ်လက်
ထဲကတောင်ဝှေးကိုဆွဲနှုတ်မိတာ။ညကျအရုပ်
ထဲကထွက်လာတဲ့ဦးလေးကလာနှိုးပါလေရော"

“မင်းသူ့ကိုမြင်မြင်ချင်းမှတ်မိသွားတာလား"

“မမှတ်မိဘူး။လန့်သွားတာ။သူကဒီဘက်ခေတ်လူတွေနဲ့မတူဘူးလေ"

“သူကမင်းကိုဘာဖြစ်လို့လာနှိုးတာလဲ"

“ကျွန်တော်ကအရုပ်ကိုဘုရားခန်းထဲမှာချထားခဲ့တာ။အမေကကောက်ပြီးဘုရားစင်ပေါ်တင်လိုက်တယ်။ဦးလေးကကျွန်တော့်ကိုလာနှိုးပြီးပြောတယ်။ငါ့ကိုအောက်ပြန်ချပေးတဲ့။

အဲဒီနောက်ပိုင်းကစပြီးကျွန်တော်ဦးလေးကိုအ
ရုပ်ထဲကနေထွက်လို့ရအောင်ကူညီခဲ့တယ်။ဒါပေမဲ့တစ်နာရီလောက်ပါပဲ။အကြာကြီးနေလို့မရဘူး။ဦးလေးခမျာ့နှစ်ပေါင်းခြောက်ရာလုံးအရုပ်
ထဲမှာနေခဲ့ရတာဘယ်လောက်ငြီးငွေ့လိုက်မလဲ။အပြင်ထွက်လို့ရတော့လည်းငရဲမီးလိုပူ။
တကယ့်ကိုဝဋ်ကြီးတာပဲ"

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now