အခန်း(၆၁)

167 15 0
                                    

ပိုင့်ကားအိမ်ဝိုင်းထဲကမောင်းထွက်သွားချိန်တွင်
ဖြူ ကနေရဲကိုလှမ်းခေါ်လိုက်သည်။

“နေရဲ"

“ဗျာ…ဆရာမ”

“မနက်ဖြန်ငါအိမ်ပြန်တော့မယ်"

“ဘာဖြစ်လို့လဲဆရာမ”

“ငါဆေးခွင့်ယူထားတယ်လေ။ငါ့အိမ်ကိုပဲပြန်နားတော့မယ်"

“ကျွန်တော်လည်းလိုက်ခဲ့မယ်”

“နင်ကဘာဖြစ်လို့လိုက်မှာလဲ။ကျောင်းတက်ရမှာကို”

“မနက်ဖြန်စနေနေ့။ကျောင်းပိတ်တယ်လေဆရာမရဲ့။ဆရာမတို့အိမ်အလည်လိုက်ခဲ့မယ်”

“ကျောင်းဖွင့်တော့ဘယ်သူကပြန်ပို့မှာလဲ"

“အဖေ့ကိုလာခေါ်ခိုင်းမှာပေါ့”

“ကောင်းလိုက်တဲ့အကြံဉာဏ်။နင်ကတော့
အဖေကိုတော်တော်ဒုက္ခပေးချင်တဲ့ကလေးပဲ”

“ဆရာမသားကိုခေါ်မှာမို့လား”

“နင့်အမေထည့်ရင်ခေါ်မယ်"

“ဟေး…ဒါမှတို့ဆရာမကွ”

နေရဲကဝမ်းသာအားရပြေးထွက်သွားပြီးသူ့အမေကိုသွားပြောသည်။သူ့အမေကခွင့်ပြုလိုက်လျှင်သူ့အခန်းထဲဝင်ပြီးကျောပိုးအိတ်ထဲသို့အဝတ်
အစားတွေကောက်ထည့်လိုက်သည်။ကျောပိုးအိတ်ကိုဇစ်ဆွဲပြီးပိတ်လိုက်သည့်အချိန်တွင်သူ့အ
ကြည့်ကဇော်ဂျီရုပ်လေးဆီအကြည့်ရောက်သွားသည်။သူကဇော်ဂျီရုပ်ကိုယူပြီးကျောပိုးအိတ်ထဲ
ကောက်ထည့်လိုက်သည်။

ထိုနေ့ညနေခင်းတွင်ဖြူ့ ဆီသို့အောင်ထိုက်ရောက်လာခဲ့သည်။အောင်ထိုက်ကဖြူ့ ကိုတွေ့တွေ့
ချင်းအလျင်စလိုမေးသည်။

“ဖြူ နေကောင်းသွားပြီလား။ဖြူ ဆေးရုံတက်လိုက်ရတယ်ဆို"

“ဟုတ်တယ်။ဒါနဲ့ဒီရက်ပိုင်းရှင့်ကိုမတွေ့မိဘူး။
ရှင်ဘယ်တွေသွားနေတာလဲ"

“မူဆယ်ကိုသခွားမွှေးသွားပို့နေလို့"

“ရှင်တို့အိမ်ကသခွားမွှေးစိုက်တာလား"

“မစိုက်ပါဘူး။တောင်သူတွေဆီကတဆင့်ဝယ်
ပြီးပို့တာပါ။ငါကပွဲစားတော့မဟုတ်ဘူး။ခရီးထွက်နေရတာကိုသဘောကျလို့ရာသီအလိုက်ပေါ်တဲ့သီးနှံတွေဝယ်ပြီးနယ်စပ်ကိုပို့တာ”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now