အခန်း(၁၇)

223 20 0
                                    

ဖြူ ကသူမနောက်တွင်ရပ်နေသည့်ပိုင့်ကိုမြင်
တော့အံ့သြသွားမိသည်။

“ရှင်ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ”

“မင်းအိမ်ကထွက်သွားကတည်းကမင်းနောက်ကိုလိုက်လာခဲ့တာ”

“ကျွန်မနောက်ကိုလိုက်လာတာ”

ဖြူ ကပိုင့်ကိုကြည့်ရင်းကိုယ့်မျက်လုံးကိုယ်မယုံ
နိုင်အောင်ဖြစ်သွားသည်။ပိုင်သူမကိုကြည့်နေ
သည့်မျက်လုံးတွေကတစ်စုံတစ်ယောက်နှင့်ခွဲ
မရအောင်တူနေသည်။ဖြူ ခေါင်းကိုခါရမ်းလိုက်
မိသည်။မဟုတ်လောက်ပါဘူးဟုလည်းတွေးမိသည်။

“မင်းဘာဖြစ်နေတာလဲ”

“ဟင်-ဘာမှမဖြစ်ပါဘူး”

“မညာပါနဲ့။မင်းတစ်ခုခုတော့ဖြစ်နေပါတယ်”

“ကျွန်မဘာဖြစ်နေလို့လဲ”

“မင်းမျှော်စင်ကြီးကိုငေးကြည့်နေတာအကြာကြီးပဲ။မင်းဘာလုပ်မလို့လဲလို့ငါစောင့်ကြည့်နေတာ။အချိန်တွေသာကုန်သွားတယ်မင်းကမလှုပ်မယှက်နဲ့ရပ်နေတယ်။

မင်းအသက်မှရှိသေးရဲ့လားလို့ငါစိုးရိမ်ပြီးမင်း
ပုခုံးကိုပုတ်လိုက်မိတာမင်းဆီကအထိတ်တလန့်အော်သံထွက်လာတာပဲ။ပြီးတော့မင်းငါ့ကိုကြည့်တဲ့အကြည့်ကလည်းတစ်မျိုးကြီးပဲထူးဆန်းတယ်”

ဖြူ ကသူမမျက်နှာအမူအရာကိုချက်ချင်းပဲပြင်လိုက်သည်။

“ဟင့်အင်းမထူးဆန်းပါဘူး။ကျွန်မဘာမှမဖြစ်
ဘူးလို့ပြောပြီးပြီမဟုတ်လား။ကျွန်မသွားတော့
မယ်”

“နေပါဦး…မင်းကဘယ်ကိုသွားမလို့လဲ”

“ကျွန်မဘယ်သွားသွားရှင်နဲ့ဆိုင်လို့လား”

“ဆိုင်တော့မဆိုင်ပါဘူး။ဒါပေမဲ့မေးချင်တာလေးတစ်ခုရှိလို့”

“ဘာမေးမှာလဲ”

“မင်းကမိန်းကလေးဖြစ်ပြီးမကြောက်တတ်ဘူးလား”

“မကြောက်ပါဘူး။ကျွန်မကဘာကိုကြောက်ရမှာလဲ”

“ဘာကိုကြောက်ရမှာလဲတဲ့မင်းအခုရောက်နေတဲ့နေရာကိုသေသေချာချာပြန်ကြည့်လိုက်ဦး”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now