အခန်း(၁၂)

255 20 0
                                    

နေ့လည်(၁၁)နာရီခန့်တွင်ဦးဆွေနဲ့ကျွန်တော်
အင်းဝရှေးဟောင်းဇုံနယ်မြေထဲသို့ရောက်လာ
ကြသည်။ရှေးဟောင်းဇုံထဲတွင်ကျွန်တော်တို့
နှစ်ယောက်ကားကိုအတန်ကြာမောင်းနှင်ရင်း
မယ်နုအုတ်ကျောင်းကြီးရှိရာဆီသို့ရောက်လာသည်။

အုတ်ကျောင်းကြီးရှိရာအနီးအနားတွင် light truck ကားနှစ်စီးရပ်ထားတာကိုတွေ့ရသည်။ကျွန်တော်တို့ကားကထိုကားနှစ်စီးဘေးတွင်ရပ်လိုက်သည်။

ထို့နောက်ကားရပ်ထားရာနေရာမှမြေမျက်နှာပြင်အမြင့်ပိုင်းသို့အုတ်လှေကားအတိုင်းတက်လာခဲ့ကြသည်။ကုန်းမြေအမြင့်ပိုင်းတွင်မယ်နုအုတ်
ကျောင်းကြီးရှိသည်။

ထိုနေရာတစ်ဝိုက်တွင်အသက်ဆယ်နှစ်အရွယ်
ခန့်ရှိကလေးတွေကိုအဖွဲ့လိုက်ကြီးတွေ့ရသည်။လေ့လာရေးခရီးထွက်လာကြသည့်ကျောင်းသားလေးတွေဖြစ်ပုံရသည်။

ကျွန်တော်အုတ်ကျောင်းကြီးပေါ်ကိုတက်ကြည့်
ပြီးကျောင်းထဲကနေဖြတ်လျှောက်လာခဲ့သည်။
ပြီးတော့အောက်ကိုပြန်ဆင်းသည်။မယ်နုအုတ်
ကျောင်းကြီးဘေးတွင်နောက်ထပ်ဘုရားစေတီ
တွေရှိနေသေးသည်။

ကျွန်တော်ဘုရားကုန်းတော်ပေါ်ကိုတက်ကြည့်လိုက်သည်။ဟိုးအဝေးဆီ၌စစ်ကိုင်းတံတားကြီးကိုအတိုင်းသားမြင်ရသည်။ကျွန်တော်ဘုရားကုန်းတော်ပေါ်ကပြန်ဆင်းလာပြီးနောက်မယ်နုအုတ်ကျောင်းကြီးကိုကျောင်းပေါ်ကဖြတ်မသွားဘဲကျောင်းအောက်ကိုဝင်လာခဲ့သည်။

ကျောင်းအောက်တွင်ကျောင်းသားအဖွဲ့တစ်ဖွဲ့
ကိုတွေ့ရသည်။ကျောင်းအောက်ကအလင်းရောင်ကောင်းကောင်းမရတာမို့မျက်နှာတွေကိုသဲသဲကွဲကွဲမမြင်ရ။သူတို့အဖွဲ့ကတစ်ယောက်လက်
ကိုတစ်ယောက်ဆွဲပြီးကျောင်းအောက်တွင်ဖြတ်
သွားနေကြသည်။ကျွန်တော်ကသူတို့အဖွဲ့နောက်ကလိုက်လာခဲ့သည်။

ကျောင်းအောက်ကမြေပြင်ကညီညာမှုမရှိ။ရှေ့
ဆုံးကသွားနေသည့်ကျောင်းသားလေးနှစ်ယောက်ကအမှောင်ထဲတွင်ခလုတ်တိုက်လိုက်၊ချိုင့်ထဲ
ပြုတ်ကျလိုက်နှင့်လန့်လန့်ပြီးအော်ကြသည်။

ကျွန်တော်နဲ့ဦးဆွေက ကလေးတွေတစ်ခါအော်
လိုက်တိုင်းစမ်းတဝါးဝါးနဲ့ကျော်ခွပြီးလာခဲ့ကြသည်။ကျွန်တော့်လက်ထဲတွင်ဖုန်းကိုင်ထားသော်
လည်းဖုန်းကိုမီးဖွင့်ပြီးကြည့်ဖို့ကျွန်တော်မေ့နေသည်။ကလေးတွေနောက်ကလိုက်ရတာကိုသ
ဘောကျနေမိတာထင်ပါရဲ့။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now