အခန်း(၄၃)

183 15 0
                                    

သမားတော်အဖွဲ့စခန်းချသည့်နေရာနှင့်ခပ်လှမ်းလှမ်းတွင်မြေကွက်လပ်တစ်ခုရှိသည်။ထိုနေရာတွင်ဝါးလုံးတန်းတွေလုပ်ထားသည်။ရန်နိုင်တို့
အဖွဲ့ကအဝတ်အစားတွေလျှော်ဖွပ်ပြီးနေလှန်း
နေကြသည်။

ပန်းဝါကတဲတစ်လုံးအတွင်းမှထွက်လာခဲ့သည်။သူမ၏တဲဘေးတွင်မြေကျင်းမီးဖိုကြီးတွေဖြင့်အိုးတုတ်ကြီးတွေကိုတည်ထားသည်။အထဲမှရေတွေကတပွက်ပွက်ဆူနေသည်။တပ်သားတစ်ယောက်ကမီးဖိုကျင်းထဲသို့ထင်းတွေထိုးထည့်နေသည်။ထိုတပ်သားအနီးသို့ဗညားအိမ်ရောက်
လာခဲ့သည်။

ဗညားအိမ်ကပွက်ပွက်ဆူနေသည့်ရေနွေးတွေကိုအရိုးတပ်ထားသည့်အိုးမှုတ်ခွက်ဖြင့်ခပ်ပြီးပုံးထဲလောင်းထည့်လိုက်သည်။ဗညားအိမ်ကရေ
နွေးငွေ့တွေတလူလူလွင့်နေသည့်ကြားမှပန်းဝါကိုလှမ်းကြည့်ပြီးပြုံးပြနေသည်။ပန်းဝါကသူ့အနားကိုလျှောက်လာခဲ့သည်။

“ကိုဗညားအိမ်တဲဆောက်တာပြီးသွားပြီလား”

“ဒီနေ့အတွက်တော့ပြီးသွားပါပြီ။လောလော
ဆယ်တဲငါးလုံးဆောက်ထားတယ်။မနက်ဖြန်
ကျရင်ဝါးထပ်ခုတ်ပြီးတဲတွေထပ်ဆောက်မယ်”

ပန်းဝါကဗညားအိမ်လက်ထဲကရေပုံးကိုကြည့်
ပြီး-

“ဒီရေနွေးကဘာလုပ်ဖို့လဲ"

“သမားတော်ကြီးကယူခိုင်းလို့ပါ။ဒီနားမှာရေနွေးအိုးတွေအများကြီးပဲ။ဘာဖြစ်လို့တည်ထားတာလဲ”

ပန်းဝါကအစွန်ဆုံးနေရာကိုလက်ညှိုးထိုးပြလိုက်သည်။

“ဟိုးဘက်အစွန်ဆုံးအိုးနှစ်လုံးကဆေးကျိုထားတဲ့အိုးတွေ။ကျန်တဲ့အိုးတွေကတော့သောက်ရေလုပ်ဖို့အတွက်ကျိုထားတာ။ဒီမှာရှိတဲ့ရေတွေကဒီအတိုင်းသောက်ဖို့စိတ်မချရဘူး။စစ်တပ်က
တပ်သားတွေကိုဒီကိစ္စပြောထားပြီးပြီ။ရှင့်ရဲ့
အဖွဲ့သားတွေကိုတော့ရှင်ပဲပြောလိုက်ပါ”

“ရပါတယ်ကျုပ်ပြောပေးပါ့မယ်။ဒီမှာရှိတဲ့လူတွေအတွက်စားနပ်ရိက္ခာရောအလုံအလောက်ရှိရဲ့လား”

“ရှိပါတယ်။အဲဒီကိစ္စအတွက်ကပူစရာမလိုပါဘူး။မြင်စိုင်းမြို့စားကြီးကဒီရွာကိုစားနပ်ရိက္ခာနဲ့ဆေးဝါးတွေအဆက်မပြတ်ပို့ဆောင်ပေးနေ
ပါတယ်။ဒီကအခြေအနေတွေကိုလည်းသူ့ဆီ
ကိုသတင်းပို့ပေးနေတဲ့ဆတ်သားတစ်ယောက်
ရှိတယ်”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now