ဗညားအိမ်ကပန်းဝါကိုခုတင်ပေါ်ချသိပ်ပြီးစောင်အထပ်ထပ်ခြုံပေးလိုက်သည်။အနားရောက်
လာသည့်အစေခံတွေကိုလည်းဒေါသတကြီးအော်ငေါက်နေသည်။“နင်တို့ဘာလုပ်နေကြတာလဲ။မီးအိုးကင်းထဲမီးကျီးထည့်ပြီးမြန်မြန်ယူလာခဲ့”
“ဟိုတစ်ယောက်လာစမ်း။သူ့ခြေထောက်ကိုလာနှိပ်ပေးစမ်း”
“ဟေ့နင်မီးဖိုဆောင်ကိုသွားပြီးရေနွေးကျိုထား”
“ဘာကြောင်ကြည့်နေတာလဲ။သမားတော်ကြီးမလာခင်အဆင်သင့်ဖြစ်အောင်အခုချက်ချင်းသွားလုပ်။မြန်မြန်သွား"
ဗညားအိမ်ကပန်းဝါသေသွားခဲ့လျှင်ဟူသောအ
တွေးကြောင့်လူရောစိတ်ရောဂဏှာမငြိမ်။သူ့ရင်ထဲဗြောင်းဆန်အောင်ပူလောင်နေသည်။သမားတော်သွားခေါ်သည့်လူကအချိန်အတော်
ကြာသည့်တိုင်အောင်ပြန်မလာ။သူကဝရံတာ
ဘက်ထွက်ပြီးလမ်းမကြီးဘက်ကိုမျှော်ကြည့်လိုက်သည်။အရိပ်အယောင်မျှမမြင်သဖြင့်သူအခန်းထဲပြန်ဝင်လာခဲ့သည်။ဗညားအိမ်ကပန်းဝါလက်ကိုဆုပ်ကိုင်ကြည့်လိုက်သည်။အေးစက်နေသဖြင့်သူဆုပ်နယ်ပေးနေမိသည်။ခဏကြာလျှင်ဝရံတာဘက်ပြန်ထွက်ပြီးသမားတော်ကိုမျှော်ပြန်သည်။သည်တစ်ခါတော့အဝေးမှလာနေသည့်သမားတော်ကြီးကိုမြင်သွားသည်။
ရဲမက်တစ်ယောက်ကသမားတော်ကြီးကိုမြင်း
ပေါ်တင်ပြီးခေါ်လာသည်။သူချက်ချင်းအိမ်အောက်သို့ပြေးဆင်းလာခဲ့သည်။ဦးရွှေအိုမြင်းပေါ်မှဆင်းသည်နှင့်လက်ဆွဲပြီးခေါ်ပြေးသည်။ဦးရွှေအိုခမျာ့လှေကားရင်းတွင်ခလုတ်တိုက်ရင်းသူဆွဲခေါ်ရာနောက်သို့ပါသွားသည်။ပန်းဝါအခန်းသို့ရောက်လျှင်ဦးရွှေအိုကပန်းဝါကို
သေသေချာချာစမ်းသပ်ကြည့်ရှုသည်။ထို့နောက်သူ့ဆေးလွယ်အိတ်ထဲကဆေးဘူးတစ်ဘူးကိုထုတ်ပြီးအစေခံမိန်းကလေးကိုပေးလိုက်သည်။“ဒီဆေးကိုရေနွေးပွက်ပွက်ဆူလောင်းထည့်ပြီး
မပျစ်မကျဲလေးဖျော်။အအေးခံပြီးရင်သူ့တစ်ကိုယ်လုံးကိုလိမ်းပေး။ရင်ဘတ်တွေကျောတွေပါမကျန်စေနဲ့"ဦးရွှေအိုကအစေခံမိန်းကလေးကိုခိုင်းပြီးဗညားအိမ်ကိုအခန်းအပြင်သို့ခေါ်လာခဲ့သည်။
YOU ARE READING
The Love Tree, 600 years ago (u&z)(Completed)
Historical Fictionလွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ရာကတည်းကရှင်သန်နေသောသစ်ပင်တစ်ပင်။ကျိန်စာမိပြီးမသေနိုင်သောလူတစ်ယောက်။နှစ်ခြောက်ရာသစ်ပင်ကိုစိုက်ပျိုးခဲသည့်မိန်းကလေးနှင့်ကျိန်စာတိုက်ခဲ့သူလူတစ်ယောက်တို့ဒီဘက်ခေတ်တွင်ပြန်လည်ဆုံတွေ့ကြသောအခါ... Unicode လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်...