အခန်း(၁၈)

212 17 0
                                    

နေ့လည်တစ်နာရီခန့်တွင်ဖြူ အိမ်သို့ပြန်ရောက်
လာခဲ့သည်။ပိုင်ကဖြူ့ ကိုလိုက်ပို့ပြီးချက်ချင်းပြန်သွားသည်။နှုတ်ဆက်စကားပင်ပြောမသွား။
အန်တီနုကဖြူ့ ကိုမြင်လျှင်အံ့အားသင့်သည့်
လေသံနှင့်-

“မဖြူ ဆိုင်ကယ်နဲ့ထွက်သွားတာမဟုတ်ဘူးလား”

“ဟုတ်တယ်အန်တီနု”

“ဆိုင်ကယ်ဘာဖြစ်သွားလို့လဲ”

“ဆိုင်ကယ်ကဘာမှမဖြစ်ပါဘူး။ဦးဆွေလာပို့ပေးမှာပါ။အန်တီနုကိုဖြူ မေးစရာရှိတယ်”

“မေးလေ”

“အောင်ထိုက်နဲ့ပိုင်ကဘယ်လိုအနေအထားမျိုးလဲ”

“ဘာဖြစ်လို့လဲမဖြူ ”

“ကျွန်မအောင်ထိုက်နဲ့အသိအကျွမ်းဖြစ်နေတာကိုပိုင်ကသဘောမကျတဲ့ပုံစံမျိုးနဲ့"

“သြော်…”

“သူတို့နှစ်ယောက်ကညီအကိုတွေပဲမဟုတ်
လား”

“ဟုတ်တော့ဟုတ်တယ်မဖြူ ရဲ့။ဒါပေမဲ့သူတို့နှစ်
ယောက်ကြားမှာအစာမကျေစရာလေးတွေရှိ
တယ်။ညီအကိုချင်းဆိုတော့တည့်လည်းတည့်
တယ်။တည့်လည်းမတည့်ဘူး။ကိုယ့်အယူအ
ဆနဲ့ကိုယ်လုပ်ချင်တာလုပ်ကြတာ”

ဒေါ်နုနုခင်ကဖြူ့ လက်ကိုဆွဲပြီးဧည့်ခန်းထဲခေါ်လာခဲ့သည်။ပြီးတော့ပိုင်တို့ညီအကိုအကြောင်း
ပြောပြသည်။

“ပိုင်ကအောင်ထိုက်ထက်အသက်သုံးလပဲကြီးတယ်။သူတို့မျိုးရိုးမိသားစုထဲမှာသားအကြီးဆုံးကမွေးတဲ့မြေးအကြီးဆုံးလေ။ဒါကြောင့်မွေးကတည်းကမျိုးရိုးအမွေဆက်ခံသူဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့အခွင့်အရေးတွေရခဲ့တယ်။

အောင်ထိုက်နဲ့ပိုင်ကအသက်ဆယ်နှစ်လောက်
အထိတစ်အိမ်တည်းအတူနေခဲ့ကြတယ်။အဲဒီလိုနေခဲ့တုန်းကသူပိုင့်ကိုတော်တော်လေးမကျေမနပ်ဖြစ်ခဲ့ဖူးတယ်”

“ဘာလို့လဲ”

“မြေးချင်းအတူတူကိုတစ်အိမ်လုံးကပိုင့်ကိုပဲဦးစားပေးခဲ့ကြတယ်လေ။ပိုင်ကမိသားစုရဲ့အမွေဆက်ခံသူဆိုတော့သူတို့မျိုးရိုးစဉ်ဆက်ထိမ်းသိမ်းခဲ့ရတဲ့ရှေးဟောင်းပစ္စည်းတွေနဲ့ဘိုးဘွားပိုင်
အမွေအနှစ်ဖြစ်တဲ့အိမ်ခြံမြေတွေ၊တခြားမမြင်နိုင်တဲ့အတွင်းပစ္စည်းတွေအားလုံးပိုင်တစ်ယောက်တည်းပဲအမွေဆက်ခံပြီးထိမ်းသိမ်းရမှာ။ဒါ
ကသူတို့မိသားစုရဲ့အစဉ်အလာပဲ။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now