အခန်း(၁၉)

203 18 0
                                    

နောက်တစ်နေ့တွင်အောင်ထိုက်ကဖြူ့ ကိုလာ
ခေါ်သည်။ဖြူ ကနေရဲနှင့်မို့မို့လွင်ကိုအဖော်ခေါ်
ပြီးအောင်ထိုက်အိမ်သို့လိုက်သွားသည်။အောင်ထိုက်အိမ်သို့ရောက်လျှင်ပိုင့်ကိုမမျှော်လင့်ဘဲ
တွေ့လိုက်ရသဖြင့်ဖြူ တင်မကအောင်ထိုက်ပါအံ့အားသင့်သွားရသည်။

“မင်းဒီကိုဘာလာလုပ်တာလဲ”

“အလည်လာတာလေ”

“ကြံကြံဖန်ဖန်မင်းငါတို့အိမ်ကိုအလည်မလာဖူးပါဘူး”

“မလာဖူးလို့အခုလာတာလေ”

“အဲဒါဆိုလည်းနောက်နေ့မှလာခဲ့ကွာ။ဒီနေ့
တော့ဧည့်သည်တွေရှိတယ်”

“ငါလည်းဧည့်သည်ပဲ။ကိုယ့်အိမ်လာတဲ့ဧည့်
သည်ကိုထမင်းတော့ကျွေးသင့်တာပေါ့”

ပိုင်ကပြုံးစိစိနှင့်ပြောလိုက်သော်လည်းအောင်
ထိုက်မျက်နှာကမှုန်ကုပ်သွားသည်။သူကပိုင့်ကိုစိတ်ပျက်သည့်အကြည့်နှင့်ကြည့်ရင်း-

“မင်းကွာ…ဒီနေ့ကျမှဘာဖြစ်လို့အလည်လာရတာလဲ။ငါဖြူ တို့သူငယ်ချင်းနှစ်ယောက်ကိုထမင်းစားဖိတ်ထားတာ”

“သိတယ်လေ…သိလို့မို့တမင်လာခဲ့တာ”

ပိုင့်စကားကအောင်ထိုက်ကိုပိုပြီးစိတ်ပျက်သွား
စေသည်။ပိုင့်ပုံစံကဘယ်လိုနှင်နှင်ပြန်မည့်ပုံမ
ပေါ်။သည်လိုနှင့်ထမင်းဝိုင်းတွင်ပိုင့်ကိုပါထမင်းခူးကျွေးလိုက်ရသည်။

ထမင်းဝိုင်းတွင်အောင်ထိုက်ဘာမှလုပ်လို့မရ။သူဘာလုပ်လုပ်ပိုင်ကဖြူ့ ရှေ့ကနေကန့်လန့်ခံ
နေသည်။ဟင်းထည့်ပေးတော့လည်းသူ့ပန်းကန်ကြီးထိုးခံလိုခံ။တော်တော်ကိုသရုပ်ပျက်အောင်လုပ်နေသည်။

ထမင်းစားပြီးအချိုပွဲပြင်ပေးတဲ့အချိန်မှာအောင်ထိုက်ကဖြူ့ ကိုပြောလိုက်သည်။

“ဖြူ နဲ့မို့မို့တို့နှစ်ယောက်ဒီမှာစကားပြောနေကြဦး။ကျွန်တော်ပိုင်နဲ့ပြောစရာလေးရှိလို့”

အောင်ထိုက်ကပိုင့်လက်ကိုဆွဲပြီးအိမ်နောက်
ဖေးခြံထဲခေါ်လာခဲ့သည်။

“မင်းဒါဘာသဘောလဲ”

“ဘာသဘောလို့ထင်လို့လဲ”

The Love Tree, 600 years ago (u&z)(Completed)Tempat cerita menjadi hidup. Temukan sekarang