အခန်း(၅၂)

180 17 0
                                    

ိမိုးကအချိန်အတော်ကြာအောင်ရွာသွန်းနေသည်။ပန်းဝါကမိုး၏အအေးဓာတ်ကြောင့်ချမ်းစိမ့်စိမ့်ဖြစ်နေသဖြင့်မင်းသူခေါင်ဘေးတွင်တိုးကပ်ပြီးထိုင်လိုက်သည်။

ဗညားအိမ်ကပန်းဝါနှင့်မင်းသူခေါင်တို့နီးနီးကပ်ကပ်ထိုင်နေသည်ကိုမြင်ရသော်လည်းစိတ်ထဲတွင်မည်သို့မျှမခံစားရပေ။ရန်နိုင်ကပန်းဝါဘေးတွင်သွားထိုင်သောအခါတွင်မူမကျေမနပ်ဖြစ်သွားမိသည်။

ဗညားအိမ်ကမစိုမခြောက်ဖြစ်နေသည့်သစ်ကိုင်းများကိုမီးဖိုထဲထိုးထည့်လိုက်သည်။မီးခိုးများအူထွက်လာပြီးကျောင်းပျက်ထဲတွင်မီးခိုးလုံးများနှင့်
ပြည့်သွားသည်။ပန်းဝါကချောင်းတဟွတ်ဟွတ်
ဆိုးပြီးတံခါးဝဆီသို့ပြေးထွက်သွားရာဗညားအိမ်ကကျိတ်ပြီးရယ်နေသည်။

မိုးတိတ်သွားချိန်တွင်ပန်းဝါကကျောင်းအပြင်ဘက်သို့ထွက်လာခဲ့သည်။မိုးရွာပြီးစမို့ပတ်ဝန်းကျင်တစ်ခုလုံးစွတ်စိုလန်းဆန်းနေသည်။လေပြေ
လေညင်းလေးကရုတ်တရတ်တိုက်ခတ်လိုက်သောအခါသစ်ပင်များပေါ်တွင်တင်ကျန်နေသည့်မိုးရေစက်လေးများကတပေါက်ပေါက်ပြုတ်ကျလာသည်။

လေပြေနှင့်အတူပါလာသည့်ရေစက်ရေမှုန်များကပန်းဝါ၏မျက်နှာကိုဝင်ရောက်တိုးထိနေကြသည်။ပန်းဝါကမျက်စိကိုစုံမှိတ်ပြီးလေကိုတဝကြီးရှူရှိုက်လိုက်သည်။ထို့နောက်သူမနှုတ်မှခပ်တိုးတိုးရေရွတ်လိုက်သည်။

“ဒီလိုသာယာလှပတဲ့လောကကြီးရဲ့အလှကိုခံစားခွင့်ရတာကျေးဇူးတင်ပါတယ်”

“ဘယ်သူ့ကိုကျေးဇူးတင်နေတာလဲ”

“သြော်…ကိုဗညားအိမ်”

“ဒီမှာယုန်သားကင်ယူလာတယ်”

ဗညားအိမ်ကယုန်သားကင်ကိုပန်းဝါလက်ထဲထည့်ပေးသည်။ပန်းဝါကယုန်သားကင်ကိုဖဲ့စားနေသည်။

“ကောင်းလား”

“ကောင်းတယ်”

“ဆားမပါလည်းကောင်းတာပဲလား”

“သြော်ရှင်ကလည်းဒီတောထဲမှာဘာမှမရှိတာကိုယုန်သားကင်ရအောင်ရှာကျွေးတဲ့ရှင့်ကိုကျေးဇူးတင်ရမှာ။ဆားမပါတာကိုအပြစ်ပြောစရာမရှိဘူး”

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now