Real Life-Ep(6)Final

3.9K 402 6
                                    

Unicode

"ဒါ ဒါက........ဒါဆို မင်းခုနက ပြောတာတွေက အမှန် အမှန်တွေပေါ့"

"အကုန်အမှန်တွေပါပဲ အစ်ကိုရှောင်း"

"ဒါဆို မင်း ငါ့နားကို အကြံနဲ့ရောက်လာတာပေါ့"

"မှန်ပါတယ် ကျွန်တော် ကျွန်တော့်systemအတွက် စမ်းသပ်ခံပေးမဲ့သူကိုလိုက်ရှာနေခဲ့တာကြာပါပြီ ဒါပေမဲ့ ဘယ်သူကမှ ကျွန်တော့်ကိုမယုံကြသလို အသက်ကိုလဲ လောင်းကြေးမထပ်နိုင်ကြဘူး ဘယ်လိုပဲအကြံနဲ့လာတယ်ပြောပြော ကျွန်တော် အစ်ကိုရှောင်းကိုတော့ တကယ်ခင်ခဲ့တာပါ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော် နော် ကောကော"

ဝေ့ရင်းက သူမှစိတ်ဆိုးမပြေရင် ထငိုတော့မည့်အရိပ်အယောင်ရှိတာမို့

"ငါ ငါ စိတ်မဆိုးပါဘူး ငါမင်းကိုယုံပါတယ် ငါကိုတကယ်ခင်တယ်ဆိုတာ"

"ဒါဆို ကျွန်တော့်ကို ကူညီမယ်ပေါ့နော်"

"ဟမ် ငါမပြောမိ........"

"အစ်ကိုရှောင်း လူလည်မကျနဲ့နော် အစ်ကို့ကို ကျွန်တော့်အကြောင်းတွေပြောပြပြီးပြီး ကျွန်တော့်ကို ကူညီရတော့မယ်လေ"

"နေပါဦး ဘာလို့ ငါမှလဲ"

"အစ်ကိုက ကျွန်တော်ကို တ လိုက်တာကို"

"ငါ ငါ ဘယ်တုန်းက........"

"အစ်ကိုပဲ အစ်ကိုဖတ်နေကျ systemထဲကလို အစ်ကိုနဲ့ရိပေါ်ကို ဖူးစာဆုံပေးတဲ့systemလေးရှိရင်ကောင်းမှာပဲဆို အဲ့လိုsystemက လက်တွေ့မှာ ကျွန်တော့်ရဲ့ 'Love system'ပဲရှိတာလေ"

"အဲ့ဒါက ငါက ဒီတိုင်း........"

"ဟင့် အစ်ကိုက မကူညီချင်ဘူးလား အစ်ကိုမှမကူညီရင်လေ ကျွန်တော်နဲ့လန်ကျန့်က ကျွန်တော်တို့လောကကို ပြန်မရဘဲ လမ်းဘေးမှာ နေစရာမရှိ ဟင့် စားစရာမရှိ ဟင့် အရမ်းကိုရုပ်ချောတဲ့ အိမ်ခြေရာမဲ့လေးနှစ်ယောက်ဖြစ်သွားမှာ ကျွန်တော်တို့ကိုမသနားဘူးလားဟင်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now