Arc(2.14)ရိဇန်

3K 339 147
                                        

Unicode

"ကျွီ"

ဆေးရုံရှေ့၌ နောက်ဆုံးပေါ်ကားတစီးထိုးရပ်လိုက်တဲ့အချိန် ‌ဆေးရုံထဲရှိ လူအားလုံးရဲ့အာရုံက ထိုကားဆီသို ကျရောက်သွားသည်

ကားတံခါးဖွင့်ပြီး ပထမဆုံးထွက်လာတဲ့သူက ဒီဆေးရုံရဲ့ဆရာဝန်လေးဖြစ်တဲ့ Dr.ရိဇန်
ဒါပေမဲ့ Drလေး ရိဇန် ကားပေါ်ကမဆင်းရ‌ သေးခင်မှာပဲ ကားပေါ်ကနေ အမြန်နှုန်းနဲ့မြေလျှိုးမိုးပျံကာ Drလေးကို ကားလာဖွင့်ပေးသူက ဒီဆေးရုံပိုင်ရှင် ချူလင်းဟန်

Nurseများကလူရှေ့မရှောင် သူရှေ့မရှောင် roနေတဲ့အတွဲကို နှာခေါင်းရှုံ့ရင်း
နောက်ထပ်ဆင်းလာတဲ့အဆင်လေးနှစ်ယောက်ကို ငမ်းနေလိုက်သည်

အဲ့အဆင်လေးနှစ်ယောက်ကိုလဲ သူတို့တွေသိတယ်
တယောက်က Drရိဇန်ရဲ့သား ရိရန်
နောက်တယောက်က ချူလင်းဟန်ရဲ့သား ချူရှင်းဝူ

Nurseလေးတွေရဲ့မနက်ခင်းကတော့ အဆင်လေးနှစ်ယောက်ကိုတွေ့လို့ စိုပြေလန်းဆန်းသွားပြီ
အဲ ရှင်းဝူလေးက ရိရန်လေးပါးကို ရွှတ်ခနဲမြည်အောင် မနမ်းခင်ထိပေါ့

"ခွမ်း"

"ဟင် ဘာတွေကျကွဲကုန်တာလဲ"

"ပုလင်းတွေနေမှာပေါ့ ဇန်ရယ် ဟေ့ တယောက်ယောက် လာသိမ်းလိုက်ပါဦး တော်ကြာ သူများအပိုင်တွေကိုငမ်းနေရင်း မမြင်မစမ်းနဲ့တက်နမ်းမိလို့ ပုလင်းကွဲတွေရှကုန်မယ်"

"ဟက် ဆေးရုံရှေ့မှာ အမြင်ကတ်စရာတွေကများနေတယ် ရိဇန် မင်းဘာသာGayတာအေးဆေးမနေပဲ လူမသိမှာစိုးလို့ မဏ္ဍပ်တိုင်တက်ပြနေတာလား"

"မမြင်ချင်မျက်လုံးမှိတ်ထားလိုက်ပေါ့ ဘယ်သူက ကြည့်ခိုင်းနေလို့လဲ ဘာလဲ ခင်ဗျားမှာလင်မရှိလို့ မနာလိုနေတာလား"

"ရန် ပြောတာမှန်တယ် မျက်လုံးမမှိတ်ချင်ရင် နေကာမျက်မှန်တက်ထားလိုက်လေ ကျွန်တော့်မှာပါတယ် ယူမလား"

"တောက် မင်းတို့...... ဟက် ထားပါလေ ခဏနေ ဒီလိုအာကျယ်နိုင်မလား ကြည့်ကြသေးတာပေါ့"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Tempat cerita menjadi hidup. Temukan sekarang