Arc(4.6)ချင်းဝေ့ယွမ်

1.8K 218 59
                                        

Unicode

"မင်္ဂလာပါ အစ်ကို(2)နဲ့အစ်ကို(3)

ချန်လိနဲ့မုဖင်းစကားပြောနေတုန်း သူတို့နား ရောက်လာတဲ့ကောင်လေးတယောက်

"ကျွန်တော့်နာမည်က ရှင်းရန်ပါ အစ်ကိုတို့ရဲ့ညီလေးပေါ့ ဟီး"

"ဟက် ပါးရဲ့အငယ်အနှောင်းသားတွေက တနှစ်ထက်တနှစ်ပိုများလာသလိုပဲ ဒီမှာကောင်လေး ငါကတော့ မင်္ဂလာမရှိနိုင်ဘူး ငါ့နားက ဝေးဝေးသွားနေစမ်း မင်းလို အငယ်အနှောင်းသားက ငါနဲ့စကားပြောဖို့ တန်လို့လား"

"အစ်ကို"

"ဘာလဲ မုဖင်း ငါကမှန်တာပြောတာပဲလေ သူတို့နဲ့ငါတို့ကတူလား မင်းလဲ ဒီလိုအဆင့်မရှိတဲ့ကောင်တွေနဲ့ကြပ်ကြပ်‌ပေါင်း မင်းပါအဆင့်နိမ့်သွားလိမ့်မယ်"

ချန်လိကပြောပြီး အပြင်ကိုထွက်သွားသည်

"ဟူး အစ်ကိုကတော့လေ"

မုဖင်း ဝမ်းနည်းပုံပေါ်နေတဲ့ ကောင်လေးကို ကြည့်ပြီး

"ညီလေးက ရှင်းရန်နော် အစ်ကိုတို့မိသားစုက ကြိုဆိုပါတယ် ညီ အစ်ကို(2)ကလေ နဲနဲတော့ အပြောကြမ်းတယ် သည်းခံပေးပါနော်"

"ရပါတယ် အစ်ကို(3) ကျွန်တော် စိတ်ထဲမထားပါဘူး"

"Hey Guy ကိုယ်နဲနဲ နောက်ကျသွားတယ် What ဘာလို့ငြိမ်နေကြတာလဲ သီချင်းလေးဘာလေး ဖွင့်လေ"

ရှင်းရန်က ဝင်လာတဲ့သူကို ကြည့်ရင်း

"အစ်ကို(3)သူကရော ပါးရဲ့သားပဲလား"

"မဟုတ်ပါဘူး သူက လျိုကျန်းဝေတဲ့ ပါးရဲ့တူလေ ကိုယ်တို့ရဲ့ညီကိုဝမ်းကွဲပေါ့"

"ဪ"

မုဖင်း ပါးစပ်ထဲရှိရာလျှောက်အော်နေတဲ့ကျန်းဝေကို လှမ်းခေါ်လိုက်သည်

"ကျန်း‌ဝေကော ဘာတွေလျှောက်အော်နေတာလဲ"

"အိုး ညီလေး မုဖင်း"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Onde histórias criam vida. Descubra agora