Arc(5.5)ရှန်ဝူကျွင့်

733 37 5
                                        

ခေါင်းထဲကိုမြင်ကွင်းတချို့ဝင်လာခဲ့တာကြောင့် ရှောင်းကျန့် မူးနောက်သွားရသည်
ခေါင်းကိုအသာဖိကိုင်ရင်း မြင်လိုက်ရတဲ့မြင်ကွင်းကိုပြန်စဉ်းစားရင်း စိုးရိမ်လာခဲ့သည်

'ဝေ့ရင်းနဲ့ဝမ်ရှန့်က ဘာလို့ ရန်ဖြစ်နေကြတာလဲ ဝေ့ရင်းရဲ့ ပုံစံကရော ဘာလို့ထူးဆန်းနေရတာလဲ
ပြီးတော့ ဝမ်ရှန့်ကိုသတ်ခဲ့တာကရော ဘယ်သူလဲ သူက ဒီကမ္ဘာထဲရောက်နေခဲ့တာလား'

စဉ်းစားလေလေ ခေါင်းကမူး‌နောက်နေရာမှ တူနဲ့အဆက်မပြတ်ထုရိုက်နေသလို နာကျင်လာခဲ့သည်

"အားးး"

"သခင်လေး ဘာဖြစ်တာလဲ"

ခေါင်းကိုဖိကိုင်ကာ အော်လိုက်တဲ့ ဝူကျွင့်ကြောင့် ချီယွင် ထိတ်လန့်သွားရသည်

"သခင်လေး ကျွန်တော့်ကိုကြည့်ပါဦး ဘာထြစ်လို့လဲ ဘယ်နားထိခိုက်ထားလို့လဲ ပြောပါဦးဗျာ"

သူ့ကိုစိုးရိမ်တကြီးမေးမြန်းနေတဲ့ ကျိုးချီယွင်ကြောင့် ခေါင်းကိုက်နေတာက ဘာမှန်းတောင်မသိတော့ပါ

'အာ တကယ့်ကို လူချောလေးတွေက ဆေးစွမ်းကောင်းပဲ'

ဝူကျွင့်လက်ရှိအခြေအနေကိုသာအာရုံပြန်စိုက်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ညကနဲနဲသောက်ထားမိတော့ ခေါင်းကိုက်နေလို့"

သောက်ထားတယ်ဆိုတဲ့စကားကြောင့် မျက်မှောင်ကြီးကျုံ့ကာ တခုခုပြောဖို့ပြင်နေတဲ့သူကြောင့် ဝူကျွင့် လက်ကာပြလိုက်ကာ

"မပြောနဲ့ မပြောနဲ့နော် ထပ်မဆူနဲ့တော့ မင်းထပ်ပြီးပြောနေရင် စစ်ယမ်တို့အိမ်ပဲပြန်သွားလိုက်တော့မှာ"

ဝူကျွင့်စကားကြောင့် ကျိုးချီယွင်က သက်ပြင်းတချက်ချကာ ဘာမှဆက်မပြောတော့ပဲ ကားကိုဆက်မောင်းနေတော့သည်

ခဏအကြာ‌လောက်မှာတော့ ဝူကျွင့်တို့ ခြံတခုရှေ့ရောက်လာသည်
မြင့်မားလှတဲ့ခြံတံခါးကြီးကြောင့် အတွင်းပိုင်းကိုတော့ ဝူကျွင့်မမြင်ရသေး
ဝူကျွင့် သေသေချာချာလိုက်ကြည့်ရင်းခြံတံခါး‌မှာချိတ်ဆွဲထားတဲ့‌သစ်သားပြားလေးတခုကိုတွေ့လိုက်တယ်
ထိုပေါ်မှာ ရေးထားတာက
'ရှန်အိမ်တော်'တဲ့

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora