Unicode
ကျောင်းကိုသွားနေတဲ့ ရှောင်းကျန့်မှာဝမ်ရှန့်ပြောပြတဲ့အကြောင်းကိုနားထောင်ရင်း ဒေါသထွက်နေပြီလေ
'အဲ့တော့ ဝမ်ရိပေါ်ဆိုတဲ့အကောင်က ငါ့ကိုမယူချင်လို့ အိမ်ပေါ်က ဆင်းသွားတာပေါ့'
[ဟုတ် ဟုတ်ပါတယ် host]
'ဒင်းနဲ့ငါနဲ့လဲ တွေ့မယ်'
[Host အဲ့ဒါ host crushကြီးနော် ပြီးတော့ missionကသူ့ကိုကယ်တင်ရမှာလေ]
'ငါသိပါတယ် ဘာမှသိပ်မလုပ်ပါဘူး ပါးပါးလေးlessonပေးရုံပဲ ဟင်းဟင်း'
Systemလေးhostအပြောကြီးကြောင့် ကြက်သီးတောင်ထလာသလိုပဲ ဒါပေမဲ့ရုပ်ချောချောလေးနဲ့လူယုတ်မာပြုံးပြုံးနေတဲ့hostက တမျိုးလဲ ကြည့်လို့ကောင်းနေတယ်
[Host မကြာခင် ဇာတ်လိုက်မ အိမ်ရောက်တော့မယ်နော် မူလပိုင်ရှင်က အမြဲတမ်းဇာတ်လိုက်မကို ကြိုပြီးမှကျောင်းသွားတာ]
'အားအားယားယား မကြိုနိုင်ပါဘူး ငါ့လူကိုစနိုက်မဲ့မိန်းမကို ဒါနဲ့ဇာတ်လမ်းက ဘယ်ရောက်နေပြီလဲ'
[ဗီလိန်က ဇာတ်လိုက်မကို စလိုက်နေပါပြီ ဇာတ်လိုက်ကလဲ ဇာတ်လိုက်မကို သနားပြီးလိုက်ကူညီပေးနေပါတယ်]
ရှောင်းကျန့် အိမ်ရှေ့မှာ ထွက်စောင့်နေတဲ့ဇာတ်လိုက်မကို မသိချင်ယောင်ဆောင်ပြီး driverကိုကားမောင်းခိုင်းလိုက်တယ် ဟုတ်တယ်လေ ကိုယ့်ကိုမကောင်းကြံမဲ့သူကိုမကူညီနိုင်ပါဘူး
💚 LOVE SYSTEM ❤️
ရှောင်းကျန့်ကားမှန်ကိုကြည့်ရင်းဆံပင်ကိုအနည်းငယ်ကြည့်ကောင်းရုံဖွခဲ့တယ် ဘယ်လိုပဲ ကလေးရုပ်ဖြစ်နေပါစေ ဂျစ်ကန်ကန်ပုံစံလေးတော့ ရှိတာပဲလေ အိတ်ထဲက စုတ်လုံးကိုဖောက် ပါးစပ်ထဲထည့်ပြီး ကျောင်းထဲကိုဝင်လာခဲ့တယ် သူ့ကိုဝိုင်းကြည့်နေတဲ့သူတွေကို လျစ်လျူရှုပြီးတော့ပေါ့
ကျောင်းသူတွေကလဲ သူတို့လှောင်ပြောင်ပြီး ရှုံ့ချထားတဲ့ကောင်လေးက ဒီနေ့မှ အရမ်းတွေချစ်စရာကောင်းပြီး ကိုယ်ယောင်ကိုယ်ဝါတွေတောက်ပနေတာကြောင့် ဘယ်သူမှအကြည့်မလွဲနိုင်ကြဘူး
YOU ARE READING
💚LOVE SYSTEM(1)❤️(Zaw+ Uni)