Arc(3.18)Terry

1.8K 246 37
                                        

Unicode

"Terryလေး တကယ့်Terryလေးပဲ"

"ဟင့် Terryလေး"

အားရီSunnyက ငိုပြီးသူ့ကိုဖက်လာတယ်

"ဝမ်းသာလိုက်တာ Terry‌လေးရယ် ဟင့် တကယ် တကယ်Terryလေးပါနော် ဟင့် ကျေးဇူးတင်ပါတယ် မိုးနတ်မင်းကြီးရယ်"

"မငိုပါနဲ့ အားရီရယ်"

"အားရီတို့ထင်မထားဘူး Terryလေးရှိနေဦးမယ်လို့
အားရီတို့ထင်တာ အဲ့နေ့ကTerryလေးတို့တမိသားစုလုံး.....ဟင့်"

"ငါပြောသားပဲ ငါပြောတာကိုနင်တို့မှမယုံတာ
ထူးခြားလေးက ဘာမှမဖြစ်နိုင်ဘူးလို့"

"ကျစ် အဲ့ အရူးမက စလာပြန်ပြီ"

"Sunny!"

"ဘာလဲCathy နင့်ရဲ့ရူးကြောင်ကြောင်ဇာတ်လမ်းတွေတော်စမ်းပါ"

"နင်တို့ဘာသိလို့လဲ ငါအဲ့နေ့က ထူးခြားလေး‌ကိုမွေးပြီး ငါကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးခဲ့ရတာ
ငါ တကယ်မြင်ခဲ့တာ"

"ဘာကိုမြင်ခဲ့တာလဲ အားရီ"

"ကဲ Terry မင်းအားရီ အကြောင်းသိတယ်မဟုတ်လား သူကနည်းနည်းလွတ်နေတာ သူကိုဂရုစိုက်မနေနဲ့ ကလေးလေး နေ့လည်စာ စားပြီးပြီလား လာ Canteenသွားမယ်"

အားရီSuzyက သူကိုဆွဲခေါ်သွားသည်
သူကတော့ အားရီCathyစကားကိုစိတ်ဝင်စားတုန်းပဲ
အားရီ ဘာတွေ့ခဲ့တာလဲ

"နှစ်တွေအကြာကြီးကလေးလေးပျောက်သွားတော့ ဒီနှစ်လဲ မဆုံနိုင်လောက်ဘူးထင်တာ ကလေးလေးက အားရီတို့ကိုမမေ့သေးဘူးပဲ"

"အားရီတို့ကို ကျွန်တော်ဘယ်မေ့နိုင်မှာလဲ အထူးသဖြင့် ဒီလိုမားမားမွေးနေ့မှာပေါ့"

ဝမ်းနည်းသွားပုံရတဲ့Terryကြောင့် Cathy Terryလက်ထဲကအိတ်ကိုဆွဲယူလိုက်ပြီး

"အား ဗိုက်ဆာနေပြီလို့ ထူးခြားလေး ဘာတွေဝယ်လာတာလဲ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя