Unicode
'ဒါဆို သူတို့လဲ ဒီအိမ်မှာရှိနေတာကြာပြီပေါ့'
[ဟုတ်ပါတယ် Host]
'လူသတ်သမားက ဘယ်သူလဲ ငါရိပ်မိပြီ'
[ဘယ်သူလဲ Host]
'သူတို့နှစ်ယောက်ဖြစ်နိုင်တယ်လေ သားတွေကိုအမွေခွဲပေးလိုက်ပြီး သူတို့အတွက် ဘာမှမကျန်တော့လို့ ဦးလေးလျိုကိုသတ်လိုက်တာဖြစ်မယ်'
[သူတို့အတွက်မပါဘူးလို့ ကျွန်တော်ပြောမိလား]
'ဟင် ပါတယ်လား'
[လျိုကျားဟန်က မကောင်းတဲ့လူကြီးဆိုရင်တောင် သူတန်ဖိုးထားတာတွေကို လက်လွယ်စပယ်ပစ်မထားတက်ဘူး ဘာမှသွေးမတော်သားမစပ်တဲ့ ဝေ့ယွမ်တောင်ရတာ သူ့အချစ်တော်လေးတွေမရတာ ဖြစ်နိုင်မလား]
'ဒါဆို ဘယ်သူသတ်တာလဲ မင်းလား'
[ဟူး ဘယ်သူသတ်လဲကသတ်ပြီးမှရှာလို့ရမှာမဟုတ်ဘူးလား]
'လူသတ်သမားက ကြိုတင်ကြံစည်မှုရှိရမယ်ကွ သူအခုတည်းက ပြင်ဆင်ထားလောက်တယ်'
[Hostသိလား အမွေခွဲပေးမဲ့အကြောင်းကို hostပဲသိသေးတာလေ]
'အာ ဒါလဲ ဟုတ်တာပဲ'
"ယွမ်လေး ပြန်ရောက်နေပြီပဲ တော်သေးတာပေါ့"
ဝေ့ယွမ် အတွေးများနေတုန်း သူ့ကိုလာပြေးဖက်တဲ့သူကြောင့်ကြောင်သွားသည်
[လျိုမင်ရိ လျိုအိမ်တော်ရဲ့သားကြီး
လျိုမင်ရိကတော့ ရိုးရိုးသားသား ဆရာဝန်တယောက်ပဲ
လျိုGroupကိုလဲစိတ်မဝင်စားသလို လျိုကျားဟန်ရဲ့အမှောင်လုပ်ငန်းတွေနဲ့လဲမပတ်သတ်ဘူး အနေအေးပြီး သဘောကောင်းတယ် လူချစ်လူခင်လဲပေါတယ်
ဟီး ဒါ ကျွန်တော့်typeပဲ]'အကုန်လုံးက မင်းtypeတွေကြီးပဲ ငါလူကိုလာကြောင်လို့ကတော့ မင်းသေမယ်'
"ချန်လိက သေချာလာကြိုရဲ့လား ကိုယ်မအားလို့ သူ့ကိုလွှတ်လိုက်ရတာ သိပ်တော့ စိတ်မချဘူး
သွေပုချိနော် ယွမ်လေး ဒီနေ့ ဆေးရုံမှာ အလုပ်အရမ်းရှုပ်သွားလို့ နောက်နေ့မှ ယွမ်လေးသွားချင်တဲ့နေရာတွေလိုက်ပို့ပေးမယ်နော်"
BẠN ĐANG ĐỌC
💚LOVE SYSTEM(1)❤️(Zaw+ Uni)