Arc(2.10)ရိဇန်

3K 343 325
                                    

Unicode

"လီရှန့်"

"ကော ဇန်ကော မားကိုကြည့်ပေးပါဦး"

"လီရှန့် စိတ်အေးအေးထား ငါအဒေါ်ကို သွားကြည့်လိုက်ဦးမယ်"

ရိဇန် လီရှန့်အမေကို ကုသပေးပြီး အခြေအနေတည်ငြိမ်သွားမှ

(ဒီနေရာလေး နဲနဲလောက်ဖြည့်တွေးပေးကြပါနော် သာသာက ဆေးပညာကို ဘာမှနားမလည်တော့ ဒီလိုအတိုချုပ်ပြီးပဲရေလိုက်တယ်😁)

"လီရှန် အဒေါ်က ရုတ်တရတ်ကြီး ဘာဖြစ်တာလဲ မင်း ဆေးတွေသေချာမတိုက်ဘူးလား ဒီဆေးကိုအချိန်မှန်တိုက်ရမယ်ပြောထားတယ်လေ ငါနဲနဲလေး နောက်ကျရင်......ဟူး နောက်ဆိုနောက်မကျစေနဲ့ကြားလား ရော့ ဆေး"

"ဟင့် ကော ကျွန်တော် ကျွန်တော်တကိုယ်ကောင်းဆန်ခဲ့မိလို့တောင်းပန်ပါတယ် ကျွန်တော့်အမေကို ကာကွယ်ဖို့ ကျွန်တော် ကောကိုလျစ်လျူရှုပြီးနေမှရမှာမို့လို့ပါ အဲ့လိုနေရင် မားအတွက် သူတို့တာဝန်ယူမယ်တဲ့ ဟင့်ကျွန်တော် ကျွန်တော် သူတို့ပြောတဲ့အတိုင်းနေခဲ့ပေမဲ့ ဒီနေ့ မားအတွက်ဆေးတွေလာမပေးကြဘူး အဲ့ဒါကြောင့် မားဒီလိုဖြစ်သွားတာ"

"တောက် လူယုတ်မာတွေ လူအသက်တချောင်းကို ဘာမဟုတ်တဲ့အရာလေးလို့ ကစားနေကြတယ်"

"ကျွန်တော်ကောကို ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို စိတ်မပျက်ပဲကူညီပေးခဲ့လို့ ခုဆို မားမှာ ကောပေးတဲ့အသက်ပဲရှိတော့တာပါ
ကောက ကျွန်တော့်အတွက် ကျေးဇူးရှင်ဆိုတာထက်ကို ပိုပါတယ်
ကော ဘာဖြစ်ချင်လဲ ကျွန်တော်အကုန်လုပ်ပေးမယ် ခွဲစိတ်မှုကိစ္စအတွက် ကောကျွန်တော့်ကို လိုအပ်သေးတယ်ဆို ကျွန်တော် ကောအတွက် ကျွန်တော်သိသမျှအကုန် သက်သေထွက်ဆိုပေးမယ်"

"မင်း မင်း တကယ်ပြောတာလား လီရှန့်"

"တကယ်ပါ"

"ဝမ်းသာလိုက်တာ လီရှန့်ရာ"

ရိဇန် အပျော်လွန်ပြီး လီရှန့်ကိုဖက်လိုက်သည် သိပ်မကြာပါ သူ့ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့လူတယောက်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now