Arc(1.7)ရှောင်းကျန့်

4.1K 385 42
                                        

Unicode

'မင်းတို့အားလုံးပေါင်းကြံတာပေါ့လေ ဝေ့ရင်း မင်းနဲ့ငါပြန်ရောက်ရင်တွေ့မယ်'

Love system space တွင်

"ဟတ်ချိုး ဘုရားအမြတ်တနိုးထား လန်ဝမ်ကျီးနဲ့ငါနဲ့ညား အဲ လန်ကျန်က ငါနဲ့ညားပြီးပြီပဲလေ နေပါဦး ဆောင်းလဲမဝင်သေးပဲ ဘာလို့ နှာချေနေရတာလဲ မဟုတ်မှလွဲရော အစ်ကိုရှောင်းက သူ့ကိုဂျင်းထည့်လို့ဆိုပြီး မေတ္တာတွေပို့နေတာလားမသိဘူး သွေ့ပုချိပါ အစ်ကိုရှောင်းရေ systemအရည်အချင်းပြည့်မှီဖို့က updateမြှင့်မှဖြစ်မှာမို့လို့ပါ"

'ငါမ‌ပြောဘူး ငါမပြောဘူးလေ ပထမကမ္ဘာက ခက်တယ် တကယ်ခက်တာ ဝေ့ရင်းကိုပြန်ပြော‌ပေး ခက်တယ်‌လို့'

[Updateမြှင့်ချင်းပြီးဆုံးပါပြီ ပြန်ပြောလို့မရတော့ပါဘူး ဟင်းဟင်း]

'မင်း......'

ဝမ်ရှန့်ရဲ့စကားသံအဆုံး သူအသက်ရှုကြပ်သလို ခံစားလိုက်ရတယ် မဟုတ်ဘူး အသက်ရှုလို့မရတော့တာ ဘာလဲ ငါmissionတောင်မပြီးသေးဘူးလေ သေရ‌တော့မှာလား'

[Hostအတွေးတွေလျော့ပြီး ပတ်ဝန်းကျင်ပိုနဲနဲဆန်းစစ်လိုက်ဦး ကျွန်တော်တော့line outပြီ အမြင်ကတ်လို့]

'ဘာကို'

ခုမှသတိထားမိသည် သူအသက်ရှုကြပ်ရတဲ့အကြောင်းအရင်းက ရိပေါ်ကသူ့ကို အတင်းဖက်ပြီး နမ်းနေလို့တဲ့လား

"အွန်း ရိ......ပေါ် ဘာ.....လုပ်တာလဲ"

"မောင်မေးနေတာကို မဖြေပဲ တခြားလျှောက်တွေး‌နေလို့အပြစ်ပေးတာ ကဲ ပြော မောင့်ကိုဘေးထားပြီး ဘယ်သူ့အကြောင်းတွေးနေတာလဲ"

"ဟို ဟို......"

တခြားသူအကြောင်းတွေးနေတယ်ပြောရင် ထပ်အနမ်းခံရဦးမှာ စဉ်းစားစမ်း ရှောင်းကျန့် စဉ်းစားစမ်း အလျှောက်ကောင်းမှအထောင်းသက်သာမှာနော်

"အာ ဘယ်သူ့အကြောင်းတွေးရမှာလဲ မောင်ပြောတဲ့ကိစ္စကိုပဲ ငါစဉ်းစားနေတာ ဟုတ်တယ် ဟီးဟီး"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora