Arc(1.5)ရှောင်းကျန့်

4.6K 419 29
                                        

Unicode

"မင်္ဂလာပါ အန်တီ"

"ရိပေါ်ပါလား လာလေ သားအထဲဝင်"

"ဟုတ်ကဲ့"

"လာ သားထိုင် မင်း ဦးလေးကို လာတွေ့တာလား သူအလုပ်သွားဖို့ပြင်ဆင်နေလို့သားရဲ့ ခဏနော် ဘာသောက်မလဲ သား"

"ရပါတယ် အန်တီ ကျွန်တော်မသောက်တော့ပါဘူး ဒါလေးလက်ခံပေးပါ အန်တီ"

"အားနာစရာကွယ် ဘာလို့ဒီလောက်အများကြီးဝယ်လာတာလဲ ဒီလူနဲ့ဒီလူ လက်ဆောင်တွေမလိုပါဘူးကွယ်"

"ဝမ်သခင်လေးပါလား မနက်အစောကြီး ဘာကိစ္စ...... ဟာ သား ဘာလုပ်တာလဲ ထပါ"

ရိပေါ် ရှောင်းပါးထွက်လာတော့ ဆိုဖာပေါ်ထိုင်နေရာမှ ဒူးထောက်ချလိုက်ပြီး

"ကျွန်တော် တောင်းပန်ပါတယ် ဦးနဲ့အန်တီ ကျွန်‌တော် မရင့်ကျက်‌သေးတဲ့အ‌တွေးနဲ့အမှားတွေလုပ်ခဲ့မိပါတယ် ကျွန်တော့်ကိုခွင့်လွတ်ပါနော် ကျွန်တော်တို့စေ့စပ်ပွဲကိုလဲမဖျက်လိုက်ပါနဲ့နော် ကျွန်တော််ကောင်လေးကို တကယ်ချစ်တာပါ ကျွန်တော်တို့ကိုသဘောတူပေးပါ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အရင်ဆုံးထပါ တကယ်တော့ မနေ့က ဝမ်သူဌေးပြောပြလို့ဦးတို့အားလုံးသိပြီးပါပြီ ဦးတို့ကအစတည်းက သဘောတူထားတာပဲ သားဘက်ကပါ ဦးသားလေးကို သဘောကျတယ်ဆိုတော့ ဦးတို့က ခွင့်လွှတ်ပေးရမှာပေါ့ ဒါပေမဲ့ ဦးတို့က သားလေးသဘောအတိုင်းပဲ လက်ခံမယ်လို့ဆုံးဖြတ်ထားတယ် သားလေးဆုံးဖြတ်ချက်အတိုင်းပဲလက်ခံမှာပါ"

"ကျွန်တော့်ကိုခွင့်လွှတ်ပေးလို့ကျေးဇူးတင်ပါတယ် ကောင်လေးခွင့်လွှတ်တဲ့ထိလဲ ကျွန်တော်တောင်းပန်မှာပါ ဒါနဲ့ မားမား အဲ ကျွန်တော််မားမားလို့ခေါ်မယ်နော်"

"ခေါ်ရမှာပေါ့ နောက်လဲ‌ခေါ်ရမှာပဲကို"

"ဟုတ် မားမား ကောင်လေးရောဟင်"

"သားလေးက‌လေ ကျောင်းပိတ်ရက်ဆို နောက်ကျမှထတယ်လေ ခုထိအိပ်နေတုန်းထင်တယ်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя