Arc(3.5)Terry

2.5K 311 236
                                        

Unicode

"Terry"

Dean အခန်းထဲကထွက်လာတဲ့Terryကို လှမ်းဆွဲကာ

"အကြီးအကဲက ဘာပြောလိုက်တာလဲ"

"အာ ဘာမှမဟုတ်ပါဘူး ဒီတိုင်း ဂရုစိုက်ဖို့မှာတာပါ"

"ကျစ် အဲ့ဒါများ အားလုံးရှေ့ မှာလဲရတာကို သက်သက်မဲ့ ကိုယ့်ကိုစိတ်တိုရအောင်လုပ်တာ"

"လာပါ Deanရာ အကြီးအကဲကို အပြစ်တင်မနေပါနဲ့ ကျွန်တော်တို့ ပြင်ဆင်ရဦးမယ်လေ"

Dean Terryကိုကြည့်ကာ

"Terry မင်းတကယ် သွားချင်နေတာလား"

ကျွန်တော် သွားမှဖြစ်မှာ Dean သွားမှဖြစ်မှာ

"ဟူး ကိုယ်ကြောက်တယ်"

"ဗျာ"

Terry Deanစကားကြောင့် အံ့ဩသွားသည်
Deanက ဘာကိုမှမကြောက်တက်တဲ့သူလို့ သူထင်ထားခဲ့တာ
Deanက Mickကိုကြောက်တယ်တဲ့လား

"ဟို Deanက မိစ္ဆာနတ်ဘုရားကိုကြောက်လို့လား"

"ဟား အရူးလေး ကိုယ်ကသူ့ကိုကြောက်စရာလား သူဘာကြီးပဲဖြစ်နေနေ ကိုယ်မကြောက်ဘူး ကိုယ်ကြောက်တာ မင်းတခုခုဖြစ်မှာကိုပဲ"

"ဗျာ"

"ကိုယ် တခါမှ မကြောက်ခဲ့ဖူးဘူး Terry ဘယ်လို အန္တရာယ်တွေနဲ့ရင်‌ဆိုင်ရ ရင်ဆိုင်ရပေါ့ ဒါပေမဲ့ ကိုယ်ဒီတခါ ကြောက်နေမိတယ် ကိုယ် မင်းကို မကာကွယ်နိုင်မှာ သိပ်ကြောက်တယ်"

"ကျွန်တော်တို့အားလုံးတယောက်ကိုတယောက် ကာကွယ်နိုင်ကြမှာပါ Dean ကျွန်တော်တို့က အားလုံးက သိပ်တော်တဲ့ မိစ္ဆာ အမဲလိုက်သမားတွေမဟုတ်လား"

သူ့စကားကြောင့် Deanက သူ့ကိုမျက်မှောင်ကျုံ့ကြည့်ကာ

"သူတို့မလိုပါဘူး ကိုယ်ပဲမင်းကိုကာကွယ်မှာ"

"ဘာလို့မလိုရမှာလဲခေါင်းဆောင်ရဲ့ ကျွန်တော်ကTerryကို ကာကွယ်ပေးခဲ့တဲ့သူပဲ ထပ်ပြီးလဲ ကာကွယ်ပေးနိုင်တယ်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now