Arc(4.1)ချင်းဝေ့ယွမ်

2.4K 239 44
                                        

Unicode

ဆိုင်ထဲကပြန်ထွက်လာတဲ့ကောင်လေးလက်ထဲ cakeဗူးလေးနှစ်ဗူးပါလာတော့ သူပြုံးမိပြန်တယ်

"အဟမ်း ငါမစားဘူးလို့ပြောလိုက်တယ်လေ"

"ဟမ် ချန်ကောအတွက်လဲမဟုတ်ပါဘူး ဦးလေးလျိုအတွက်"

"ဘာ!"

"မဘာနဲ့ ဒီနေ့အိမ်မပြန်ဘူး ဦးလေးနဲ့သွားတွေ့မလို့ ချန်ကောတို့အိမ်ပဲမောင်း"

"မင်း...!"

"ဘာလဲစားချင်လို့လား"

ချန်လိက မျက်နှာကြီးနီရဲပြီးပြန်ပြောလာသည်

"မဟုတ်ဘူး!"

"စားချင်လဲမကျွေးပါဘူး ဝယ်စားလို့ပြောမလို့ ဟီး"

"ချင်းဝေ့ယွမ်! ငါလက်ထဲကဓား မင်းဗိုက်ကိုဖောက်မသွားခင် ငြိမ်ငြိမ်လေးလိုက်ခဲ့တော့"

ဘယ်တုန်းကထုတ်လိုက်မှန်းမသိတဲ့ဓားတချောင်းကို ဝေ့ယွမ် မြင်သာအောင်ပြပြီးပြောလာသည်

[ခြိမ်းခြောက်တာတောင်ချောလွန်းနေတဲ့အဆင်လေးပါ hostရယ်]

'နာဗူးကောင် မင်းခုနတည်းကငြိမ်နေတာ သူ့ကိုငမ်းနေလို့ပေါ့ဟုတ်လား'

[ဟီး Hostကလဲ အဲ့လိုမပြောပါနဲ့ ရှက်စရာကြီး]

'စိတ်ပျက်စရာတွေပဲ'

[Host သတိတော့ထားနော် အဆင်လေးက စိတ်တိုရင်တကယ်ထထိုးမဲ့ပဲ]

'ကြောက်စရာလား လုံးဝကိုမကြောက်ဘူး'

လူယုတ်မာသံကြီးနဲ့ကြောက်စရာကောင်းအောင်ပြောနေသော်လည်း ဝေ့ယွမ်ကတော့ လုံးဝမကြောက်ပါ
တကယ်လုပ်မှာမှမဟုတ်တာ မကြောက်သေးပါဘူး ဟီး

"ဪ မစားရလို့ ခြိမ်းခြောက်တယ်ပေါ့ ချန်ကောကလေ ရုပ်ကလေးနဲ့မှမလိုက် တအားမပေါက်ဆိုးတာပဲ ဟက် ကြောက်ပြီးကျွေးမယ်ထင်လား လုံးဝပဲနော်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя