Arc(1.8)ရှောင်းကျန့်

3.8K 373 46
                                        

Unicode

ရှောင်းကျန့် တကယ်ကို ပင်ပန်းနေပြီ မနေ့ကတည်းက ဝမ်ရိပေါ်ရဲ့တခါပဲ တခါပဲကိုယုံလိုက်တာ ဒီနေ့မနက် လုံးဝကိုမထနိုင်တော့ဘူး

[Host ရှင်းအောင်ပြောလေဗျာ ဖတ်နေတဲ့သူတွေက ဝမ်ရှန့်နဲ့အမျိုးတော်တယ် သူတို့က ဇွတ်မှောင်ကြမှာ]

'ဟမ် မဟုတ်ဘူးလေ မမှောင်ကြပါနဲ့'

မနေ့က သူတို့ဖိတ်စာတွေဝေပြီး အိမ်မပြန်ခင် ရိပေါ်နဲ့ ခန်းမသွားကြည့်ကြတယ် ပြီးတော့ အစားအသောက်စီစဉ်တဲ့သူနဲ့သွားတွေ့ရတယ် ပြီးတော့ မိတ်ကပ်ဆရာ
ဝတ်စုံအတွက် ဒီဇိုင်နာ
ဝမ်ရိပေါ်ကတသက်မှာတခါပဲဆောင်ရတဲ့ မင်္ဂလာဆောင်က အားလုံးအမှားအယွင်းမရှိအောင်လုပ်သင့်တယ်တဲ့

အဲ့ဒီတခါပဲ တခါပဲနဲ့ သွားလိုက်ရတဲ့နေရာက မနည်းဘူး ဒါ့ကြောင့် ပင်ပန်းပြီးမထနိုင်ဘူးပြောတာ ဒါတောင် ဒီနေ့ ဝတ်စုံစမ်းဝတ်ကြည့်ဖို့သွားရဦးမယ်

ဒါက ဘဝအမှန်မဟုတ်တောင်မှ သူနဲ့ရိပေါ်ရဲ့ပထမဦးဆုံးမင်္ဂလာပွဲလေ
ရှောင်းကျန့်လဲ သူ့ရဲ့မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားပါတယ် ဒါပေမဲ့ ရိပေါ်က တအားစိတ်လှုပ်ရှားလွန်းနေတယ်

"ကောင်လေးရေ ဝတ်စုံဝတ်ကြည့်ဖို့ ချိန်းထားတာ 10နာရီနော် မြန်မြန်သွားရအောင်"

"လာပါပြီကွာ ဒါပြီးရင်တော့ ပြီးပြီမဟုတ်လား"

ရိပေါ် အခန်းထဲက ထွက်လာတဲ့ကောင်လေးကို တချက်နမ်းရင်း

"ပြီးပါပြီကွာ နောက်ကိစ္စတွေက မောင့်တာဝန်သာထား မောင့်ကောင်လေးကိုပင်ပန်းအောင် ဘာမှမလုပ်ခိုင်းတော့ဘူး အချိန်က အရမ်းကပ်သွားတော့ လုပ်စရာတွေပုံသွားတာ"

"အဲ့ဒါမောင်လေ အရမ်းကိုလောနေတာ"

"ဒီစကားကို ကောင်လေးမကြိုက်ပေမဲ့ မောင်ပြောမယ် မောင် ကောင်လေးကို ပိုင်ဆိုင်ချင်နေပြီ မောင့်အပိုင်အဖြစ်အနားမှာထားချင်နေပြီ ဘယ်သူမှလာထိလို့မရအောင် ဖွက်ထားချင်နေပြီ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora