Arc(2.5)ရိဇန်

3.4K 366 137
                                        

Unicode

ကျိုးချန် ကုတင်ပေါ်မှာ ဒဏ်ရာဗလပွနဲ့ကောင်ကို ပြုံးပြီးကြည့်ရင်းပြောလိုက်သည်

"ဆေးထိုးမယ်နော်"

ကျိုးချန် ဆေးထိုးအပ်ကို ထိုဆရာဝန်လက်ကိုစိုက်ချလိုက်သည်

"အား"

"Sorry အရှိန်လွန်သွားတာ"

ကျိုးချန် ဆေးထိုးအပ်ကိုပြန်ဆွဲနှုတ်ရင်း သူထိုထားတဲ့နေရာကိုထပ်စိုက်ထိုးချလိုက်သည်

"မင်းကရိဇန် မကောင်း ကြောင်းပြောရဲတယ်ပေါ့ အဲ့နေရာမှာ ငါမရှိလို့ မင်းသက်သာသွားတယ်မှတ်ပါ မဟုတ်ရင် မင်းခုချိန် သတိတောင်ရှိနေတော့ပါမလား မ‌ပြောတက်ဘူး"

ကျိုးချန် ဆေးထိုးအပ်ကို ထပ်ထိုးချရင်း

"သူ့ဆရာကိုခေါ်လိုက်ပေါ့ ငါကတော့ ဒီကောင်ကိုမကုပေးနိုင်ဘူး"

ကျိုးချန်ပြောပြီး အခန်းထဲက ထွက်လာပြီးမှ အခန်းထဲပြန်ဝင်လာပြီး

"ဒါနဲ့ ရိဇန်တို့ ဘယ်မှာလဲ"

"သူ သူတို့နားနေခန်းထဲမှာပါ"

"ကောင်းပြီ"

"တောက် ငါအဲ့ကောင်ကိုသတ်ပစ်ချင်တာ"

လူနာကုတင်ပေါ်မှာထိုင်ရင်းမျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တဲ့ လင်းဟန်စကားကြောင့် ရိဇန်မျက်စောင်းထိုးလိုက်သည်
ပေါက်ပြဲသွားတဲ့လင်းဟန်ရဲ့လက်ကိုဆေးထည့်ပေးနေရင်း ဒဏ်ရာကိုအားနဲ့ဖိလိုက်သည်

"အား နာတယ် ဇန်ရ"

"နာတယ်ပေါ့ အေး ဟိုကောင်လဲ မင်းလုပ်လိုက်လို့ တော်တော်အီသွားလောက်ပြီ

"မင်းကဟိုကောင်ကိုစိတ်ပူတာလား"

"မဟုတ်ဘူး လင်းဟန် မင်းငါ့ကြောင့်နဲ့ရန်ဖြစ်တာကို ငါမကြိုက်တာပါ"

"ငါ့သူငယ်ချင်းကိုထိရင် ငါနဲ့ငြိမှာပဲ ရိဇန် မင်းငါတို့ကို ဒီကိစ္စမှာတော့တားလို့ရမှာမဟုတ်ဘူး"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя