Arc(4.5)ချင်းဝေ့ယွမ်

1.6K 228 48
                                    

Unicode

[လျိုရှင်းရန် အသက်က18နှစ်
သူ့အမေကတော့မရှိတော့ဘူး သူ့ဦးလေးဖြစ်သူနဲ့အတူနေပြီး အလုပ်တဖက်နဲ့ကျောင်းတက်နေရတဲ့ကျောင်းသားလေး
လျိုရှင်းရန်တို့က ဆင်းရဲတယ် ဒါကြောင့် ကျောင်းမှာဆို သူငယ်ချင်းလဲမရှိပဲ သူများခိုင်းသမျှအကုန်လုပ်ရတဲ့ ခိုင်းဖက်လေးပေါ့
ဒါပေမဲ့ ရှင်းရန်က ရိုးသားတယ် ရန်ကိုရန်နဲ့မတုန့်ပြန်တက်ဘူး နှိပ်စက်သမျှအားလုံးကိုသည်းခံပြီး စာကိုပဲကြိုးစား‌တယ်]

'ငါနဲ့တူတယ်နော်'

[ပြောင်းပြန်လှန်လိုက်ရင်တူပါတယ်]

'ဟွန့်'

ဝေ့ယွမ် သူ့ရှေ့ကကောင်လေးကိုကြည့်လိုက်သည်
ကောင်လေးပုံစံက ဖြူဖြူနုနုလေး လူကောင်ကတော့သေးတဲ့ထဲမှာပါတယ်
မျက်နှာလေးကတော့ တကယ်အပြစ်ကင်းစင်တဲ့ကလေးလေးပုံစံပါပဲ

ဝေ့ယွမ် ကြည့်နေတာကိုသိတော့ ရှင်းရန်က ဝေ့ယွမ်ကိုကြည့်ပြီးပြုံးပြသည်
ဝေ့ယွမ်ကလဲ အလိုက်သင့်ပြန်ပြုံးပြ...

"ကလေးလေး ဘာလို့ သူ့ကိုကြည့်နေတာလဲ ကျစ် ဘာလို့ပြုံးပြနေရတာလဲ"

"မောင် အသာနေပါ ငါသူတို့ကို အကဲခတ်နေတာ"

"မောင့်ကိုပဲကြည့်"

"မင်းကွာ ငါလုပ်စရာရှိလို့ပါဆို"

"မောင်နဲ့လုပ်မယ်လေ"

"လျိုမုဖင်း!"

တိတ်ဆိတ်နေတဲ့အိမ်တော်ကြီးထဲ ဝေ့ယွမ်အသံက ဟိန်း၍ထွက်လာသည်
ဧည့်ခန်းရဲ့အလည်တည့်တည့်မှာတော့ ဦးလေးလျိုထိုင်နေပြီး
ဦးလေးရဲ့ ဘက်ဘက်ဘေးနှင့်ညာဘက်ဘေးမှာ ရိကောနှင့်ချန်ကောက တဖက်စီရှိနေသည်
ချန်ကောဘေးမှာတော့ သူနဲ့မောင်
ရိကောဘေးမှာတော့ လီလုဝမ်ဆိုတဲ့ ဦးလေးသူငယ်ချင်းရှေ့နေနှင့်ကောင်လေးနှစ်ယောက်

ထိုကောင်လေးနှစ်ယောက်ရောက်လာတည်းက အားလုံးက တိတ်ဆိတ်နေပြီး သူတို့နှစ်ယောက်ကိုပဲ စိုက်ကြည့်နေကြသည်
အဲ့ဒီအချိန် ဝေ့ယွမ်က ထအော်လိုက်သည်မို့ အားလုံးက လန့်သွားသည့်ပုံပင်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Wo Geschichten leben. Entdecke jetzt