Arc(2.15)ရိဇန်

3.7K 365 239
                                        

Unicode

လီရှန့် လူနာခန်းထဲကိုအမြန်ပြေးဝင်လာခဲ့ပေမဲ့ မမှီတော့

"Dr"

"လီရှန့်"

"ခင်ဗျားဘာလုပ်တာလဲ"

လီရှန် ဝမ်ချောင်လက်ထဲကဆေးထိုးအပ်ကိုဆွဲယူလိုက်သည်

"လီရှန့် မင်းဘာမှမတွေ့ခဲ့ဘူး မတွေ့ခဲ့ဘူး ဟုတ်တယ်မလား မင်း မင်း ဘာလိုချင်လဲ ပိုက်ဆံလား ငါပေးမယ် အခုကိစ္စကို မသိသလိုနေ ဟုတ်ပြီလား"

"ကျွန်တော်က ခင်ဗျားလို အောက်တန်းမကျဘူးဗျ ခင်ဗျားလုပ်ရပ်အတွက် ခင်ဗျား ပြစ်ဒဏ်ခံဖို့သာ ပြင်ထားတော့"

"ဟားဟား ဘာ မင်းက ငါ့ကိုပြစ်ဒဏ်ပေးမယ်
သက်သေရှိလား"

"ဒီဆေးထိုးအပ်က ခင်ဗျားလုပ်ရပ်အတွက် သက်သေပဲပေါ့"

"လီရှန့်ရာ မင်းကတော်မလိုနဲ့တကယ်ညံ့တာပဲ အဲ့ဆေးထိုးအပ်ကိုမင်းသက်သေသွားပြရင် မင်းလူသတ်သမားဖြစ်သွားမှာပေါ့"

"ဘာ"

ဝမ်ချောင်က သူ့လက်ကိုထောင်ပြရင်း

"အဲ့အပ်မှာ မင်းလက်ဗွေရာပဲရှိမှာ ငါကလက်အိတ်စွပ်ထားတယ်လေ"

"ခင်ဗျား"

"ပြီးတော့ သက်သေရှိရင်တောင် မင်းလိုကောင်က ငါလိုသခင်လေးကို ဘာလုပ်နိုင်မှာလဲ လိမ္မာစမ်းပါ လီရှန့်ရာ ဒုက္ခမရောက်ချင်စမ်းပါနဲ့"

"ခင်ဗျား သိပ်ယုတ်မာတယ် ဘာပဲဖြစ်ဖြစ် ကျွန်‌တော်ကတော့အမှန်တရားကိုဖွင့်ထုတ်ရမှာပဲ ကျွန်တော်သာ တရားခံဆို ဒီမှာရှိနေတဲ့ခင်ဗျားက ကြံရာပါပဲ"

လီရှန့် အခန်းထဲကထွက်သွားဖို့အလုပ်

"မင်းအမေနေကောင်းရဲ့လား လီရှန့် အန်တီကိုမတွေ့ရတာကြာပြီ တရက်လောက်ငါလာကြည့်ရမလား"

"ဝမ်ချောင်!ခင်ဗျား...."

"ဒီညအကြောင်းပြောရဲရင်ပြောကြည့်လိုက်လေ တကယ်လို့ ထောင်ထဲဝင်ရရင်တောင် ငါကတော့အကြာကြီးနေရမှာမဟုတ်ဘူး မင်းမရှိရင် မင်းအမေကို ငါဂရုစိုက်ထားပေးပါမယ်ကွာ ဟားဟား"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя