Arc(4)

2.4K 229 20
                                        

Unicode

"ဝမ်ရှန့်!"

[Spaceမှပြန်လည်ကြိုဆိုပါတယ် Host]

"ီးကို spaceမှပြန်လည်ကြိုဆို"

[Hostကရိုင်းလိုက်တာ]

"ရိုင်းလဲ ငါ့မှာချစ်ပေးမဲ့သူရှိတယ် မင်းမှာရှိလား"

[ရှီးဗာလ်းပဲ Host အဲ့ကိစ္စမပြောလို့မရဘူးလား]

"Faလေးက ဒါကိုမခံစားနိုင်‌ဘူးပေါ့လေ"

[Hostရဲ့တတိယကမ္ဘာကိုပို့ဆောင်နေပါပြီ.....5...4...3...2...1]

💚 LOVE SYSTEM ❤️

"ရှီးဗာလ်း မပြောမဆိုနဲ့ပို့ရလားဟ"

"ဟို တတိယတန်းကကောင်လေး ဖြေပြီးသွားပြီဆိုရင်လဲ အေးအေးဆေးဆေးအိပ်နေလိုက် စကားများမနေနဲ့"

တခန်းလုံးဟိန်းပြီးထွက်လာတဲ့လူကြီးတယောက်အသံကြောင့် ရှောင်းကျန့် ထကြည့်လိုက်သည်
ဝမ်ရှန့် သူ့ကိုပို့လိုက်တည်းက သူက စားပွဲပေါ်ခေါင်းမှောက်အိပ်နေတာလေ
အဲ့တော့ထကြည့်ရတာပေါ့

"ဟိုကောင်လေး ပြန်ထိုင်စမ်း ဘာထလုပ်တာလဲ"

"ဟင် ကျွန်တော့်ပြောတာလား"

"ဒီအခန်းထဲမှာမင်းကလွဲပြီး ဘယ်သူမတ်တပ်ရပ်နေလို့လဲ"

"ဦးလေးလဲမတ်တပ်ရပ်နေတယ်လေ"

"တယ် ငါ ကောက်ပေါက်လိုက်ရ ထိုင်နေစမ်း"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ရှောင်းကျန့် နေလိုက်ပြီးသူ့ရှေ့စားပွဲပေါ်ကအရာများကိုကြည့်လိုက်သည်
မေးခွန်းစာရွက်တခုနှင့်စာရေးကိရိယာများ

"စာမေးပွဲဖြေနေတာလား ငါကစာနဲ့ဓာတ်မတည့်ပါဘူးဆိုမှ ‌ဒါနဲ့ ငါက ဘာဖြေရမှာလဲ ငါဘာမှမသိဘူးနော်"

နောက်ဆုံးတော့ ရှောင်းကျန့် ထိုသူပြောတဲ့အတိုင်း ပြန်အိပ်နေဖို့ ဆုံးဖြတ်လိုက်သည်
သူအစတည်းကအိပ်နေတာပဲ ဖြေပြီးသွားလို့နေမှာ

💚LOVE SYSTEM(1)❤️(Zaw+ Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ