Arc(3.24)Terry

1.8K 193 21
                                        

Unicode

"အဲ့ဒါနဲ့ ဘာဆက်ဖြစ်သွားလဲ ဒယ်ဒီ"

သူ့ရင်ခွင်ထဲမှ သူ့ကိုမော့ကြည့်လို့ စိတ်ဝင်တစားမေးလာတဲ့ သမီးလေးကြောင့် သူပြုံးလိုက်သည်

"ဘာဆက်ဖြစ်လဲဆိုတော့ မင်းသားလေးက မိစ္ဆာကြီးကို သူ့အစွမ်းထက် လက်နက်ကြီးနဲ့အနိုင်ယူလိုက်တာပေါ့
အားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ မင်းသားလေးက နတ်ပြည်မှာမနေတော့ပဲ
အရင်က မိစ္ဆာကြီးနဲ့အတူနေခဲ့တဲ့ စံအိမ်ကြီးမှာပဲနေတော့တယ်တဲ့"

"ဒယ်ဒီ"

"ပြောလေ သမီးလေး"

"မင်းသားလေးက မိစ္ဆာကြီးကို ချစ်ရဲ့သားနဲ့ ဘာလို့သတ်လိုက်တာလဲဟင်"

"ဒါကတော့ မင်းသားလေးပဲသိလိမ့်မယ် သမီးလေးရဲ့"

"သမီးလဲ သိချင်တယ် ဒယ်ဒီ"

"ဒါဆို မင်းသားလေးကို သွားမေးကြမလား"

"Johnson ပေါက်ကရတွေပြောနေတာရပ်ပြီး သမီးကိုအိပ်‌အောင်သိပ်တော့"

"ပေါက်ကရတွေမဟုတ်ပါဘူ အချစ်ရာ သမီးက Terryတို့ အကြောင်းနားထောင်ချင်တယ်ဆိုလို့ ပြောပြနေရတာ"

"ီးကို အချစ်"

Johnson သမီးလေး နားကို အလျင်အမြန်အုပ်လိုက်ပြီး

"ဟိတ် သမီးလေးရှေ့မှာ မရိုင်းရဘူးလေ"

"ပါးပါး ဒယ်ဒီပြောပြတာတွေက တကယ်လားဟင် မင်းသားလေးက တကယ်ရှိတာလား သမီးတွေ့ချင်တယ် သူဆီလိုက်ပို့ပါ"

Dean Johnsonကိုမျက်စောင်းထိုးလိုက်ပြီး

"ဒါက ပုံပြင်တပုဒ်ပါပဲ သမီးလေးရယ် ကဲသမီး မနက်ကျောင်းသွားရမယ် သွားအိပ်တော့
မဟုတ်ရင် မနက်ကျ ပါးပါး Ice-creamမဝယ်ကျွေးတော့ဘူး"

"အိပ်မယ် အိပ်မယ် ပါးပါး ဝယ်ကျွေးရမယ်နော်"

"Ok"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя