Arc(3.3)Terry

2.7K 329 115
                                    

Unicode

"ကိုယ့်ကိုကြည့် Terry ကိုယ့်ကို တောင်းပန်စရာမလိုဘူး မင်းကိုယ့်ကို ထိုးချင်လဲထိုး အော်ချင်လဲအော် နောက်ဆုံးသတ်ချင်လဲသတ်သွားလိုက်
မင်းဆိုတဲ့အကြောင်းပြချက်တခုတည်းနဲ့ ကိုယ်အားလုံးခွင့်လွှတ်ပြီးသား"

"....."

"ကိုယ်လေ....."

"အဟမ်း အဟမ်း Terry"

"ဟင် John"

Johnရဲ့အသံ‌ကြောင့်Terry သတိပြန်ဝင်လာပြီး

"Dean ဆေးဆက်ထည့်လိုက်တော့နော်"

Deanလက်ထဲ ဆေးပုလင်းထည့်ခဲ့ပေးပြီး Johnနားသွားကာ

"ဟို John ဘာဖြစ်လို့လဲဟင် ဒဏ်ဂာကနာလို့လား ကျွန်တော်Damကိုသွားခေါ်ပေးရမလား"

"မင်းကိုယ့်နားမှာရှိနေရင်ရပြီ"

"တောက်"

‌နောက်ကျောကDeanရဲ့တောက်ခေါက်သံကြောင့် Terrryတချက်တုန်သွားရသည်

"အဟမ်း ဟို ကျွန်‌တော်နေပေးပါမယ် Johnကဒဏ်ရာသက်သာ‌အောင်အနားယူတော့နော်"

"Terry ဒီလို ကိုယ့်နားရှိနေပေးတာ ဒီဒဏ်ရာကြောင့်လား ဒီဒဏ်ရာပျောက်သွားမယ်ဆို အရင်လိုပဲ ကိုယ်ကိုရှောင်နေဦးမှာပဲလား"

"ဟို....."

"ဒီလိုပဲဖြစ်မှာပေါ့ အကြောင်းကိစ္စတ‌ခုကြောင့် ဂရုစိုက်ပေးရရုံနဲ့ ရင်းနှီးသွားစရာမှမလိုတာ"

Deanဝင်ဖျက်ပြောလိုက်တဲ့စကားကြောင့် Johnကတချက်ရယ်ကာ

"Terryနဲ့ကျွန်တော်က အခုမှသိတဲ့သူတွေမှမဟုတ်တာ တကယ်ဆို အချိန်အကြာကြီးအတူဖြတ်သန်းလာကြတာ ဒီထက်‌တောင်အဆင့်တက်သင့်နေပြီ"

[ရန်ဖြစ်တော့မယ်ထင်တယ် host ဆွဲပါဦး]

'အသာနေစမ်းပါ ကြည့်လိုက်ဦးမယ်'

"ဟက် ဒီလောက်သိနေရင် ဘယ်နှယောက်နဲ့များအတူ ဖြတ်သန်းဖူးခဲ့ပြီလဲနော်
ဒီမှာJohn
Terryကို မင်း‌တွေ့နေကျကောင်တွေလိို အလွယ်ရမယ်လို့ စိတ်မကူးလိုက်နဲ့သူတို့နဲ့Terryကမိုးနဲ့မြေလိုကွာခြားတယ်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Onde histórias criam vida. Descubra agora