Unicode
"ဦးလေး ဘာဖြစ်.... ဟင် ဒါ ဒါက......"
အခန်းတခန်းရဲ့စာရေးစားပွဲဘေးမှာ ဦးခေါင်း၌သေနတ်ဒဏ်ရာနှင့်လဲကျနေတဲ့လူတယောက် သူရဲ့ဘေးနားမှာ သေနတ်တလက်ရှိနေသည် ထိုသူက
"ချန်ကော"
"အစ်ကို(2)"
"ဘယ်လိုဖြစ်ရတာလဲ"
မုဖင်း ခုနကအော်လိုက်တဲ့အစေခံကောင်မလေးကိုမေးလိုက်သည်
"ကျွန်မလဲမသိပါဘူး သေနတ်သံကြားလို့ လာကြည့်တာ အစ်ကိုလေးလဲနေတာကိုတွေ့လို့ အော်မိတာပါ"
"ဒါက......"
စားပွဲပေါ်က စာရွက်ကိုကြည့်ပြီး အံ့ဩနေတဲ့ မင်ရိ
"ဝန်ခံကြောင်းစာချုပ် ချန်လိက ပါးကိုသတ်ကြောင်း ဝန်ခံထားတာလား"
ဦးလေးလုဝမ်က စာရွက်ကိုယူကြည့်ပြီး
"သူကိုယ်သူသတ်သေတာပဲ"
"ဘယ်လို"
"ချန်လိက သူ့အပြစ်ကို ဝင်ခံခဲ့ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ"
သတ်သေတယ် ချန်ကောကလေ မဖြစ်နိုင်တာ
"မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်ဘူး"
မုဖင်းရဲ့အသံကြောင့် သူ့ကိုအကုန်လုံးက ကြည့်လာကြသည်
"ဘာလို့လဲ"
"အစ်ကို(1)မမှတ်မိဘူးလား ပါးအစ်ကို(2)ကို သေနတ်ပစ်သင်ပေးတုန်းတည်းက သေနတ်ကြောက်တက်တာကိုလေ အဲ့ဒါကြောင့် အစ်ကို(2)က မာဖီးယားခေါင်းဆောင်တယောက်ဖြစ်ပြီး သေနတ်မကိုင်ဘဲ ဓားပဲဆောင်ထားခဲ့တာ"
"ဟုတ် ဟုတ်တယ် ငါမှတ်မိပြီ"
ရိကောရဲ့ထစ်ထစ်ငေါ့ငေါ့စကားတွေ ကြောင့် ဝေ့ယွမ် စကားတခွန်းကိုပြန်တွေးမိသွားသည်
/မင်း စစ်ဆေးလို့ ပေါ်လာတဲ့အခါ မင်းဖြစ်နေရင် မင်းကို ငါကိုယ်တိုင်သတ်မယ် ချန်လိ/
YOU ARE READING
💚LOVE SYSTEM(1)❤️(Zaw+ Uni)