Arc(2.13)ရိဇန်

2.9K 356 211
                                    

Unicode

"ကျွန်တော်လေ ကျွန်တော် ဦးဇန်ရဲ့.....သမက်
ဖြစ်ချင်တယ်"

ရှင်းဝူရဲ့စကားအဆုံး ရိဇန်က ရှင်းဝူကိုကြည့်ရင်း

"ဟင် ဒါ ဒါဆို မင်းက........."

"အီးဟီး ဟုတ်တယ် ဦးဇန် ကျွန်တော်ကိုကူညီပါဦး"

[ခွီး သမက်ဖြစ်ချင်တာများ ရည်းစားစကားပြောသလိုလာပြောနေရတယ်လို့ ဟားဟား hostလဲရင်ခုန်သွားတယ်မလား]

'ရန်မခုန်ဘူး ရင်တုန်တာ ငါ့မှာဘာများလဲလို့ ဒီလို ပေါတောတောဖြစ်နေလို့ ရန်လေးက မကြိုက်တာနေမှာ'

"ဦးဇန် ကျွန်တော်ကို ကူညီပါဦး ရိရန်ပြန်မကြိုက်ရင် ကျွန်တော်သေလိမ့်မယ် 
ဦးဇန်မကူညီရင် ကျွန်တော် မြေညီထပ်ကနေခုန်ချလိုက်ရမလား ပြော"

'ခုန်ချလိုက်လေ သေနေဦးမယ်'

"အဟမ်း စိတ်လိုက်မာန်ပါတွေမလုပ်စမ်းပါနဲ့ကွာ ပြောပါဦး ဘာလို့ ရန်လေးကပြန်မကြိုက်ဘူးထင်ရတာလဲ"

"ဟင့် ကျွန်တော် ဒီနေ့ ရိရန်ကိုဖွင့်ပြောဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ သူကကျွန်တော့်ကိုအော်ထုတ်တယ် အီးဟီး"

"ရှင်းဝူက ဘယ်လိုသွားပြောလို့လဲ"

"ကျွန်တော် ဦးဇန်ရဲ့သမက်ဖြစ်ချင်တယ် ပြောမလို့လေ"

ရိဇန် သူ့ရှေ့ကပြုံးဖြီးနေတဲ့မျက်နှာကိုဖျက်ရိုက်ချင်တာ တအားပဲ
အဲ့လိုသွားပြောတော့ ဟိုကကြိုက်တော့မယ်

"ရှင်းဝူ ကို ဦးမေးမယ် ရန်လေးနဲ့စကားပြောရင် ဘာလို့ ဦးအကြောင်းပဲပြောရတာလဲ"

"အာ ဒါလား ရိရန်က ဦးဇန်ကိုသိပ်ချစ်တာလေ တကယ်လို့ ဦးဇန်ကိုသာ ကျွန်တော့်ကိုအမြင်ကြည်ပြီး ကျွန်တော်က ဦးဇန်ကို ကာကွယ်ပေးနိုင်မယ်ဆို ရိရန်များ ကျွန်တော့်ကိုပြန်ကြိုက်မလားလို့"

"အဲ့ဒီမှာစမှားတာပဲ ဦးပြောပြမယ် ရှင်းဝူအချစ်ကိုဖွင့်ဟမယ်ဆို သူကိုဘယ်လောက်ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း ဘယ်လောက်တန်ဖိုးထားကြောင်းကို ပြောပြရမှာ သူမြင်အောင်ပြပေးရမှာ အခု ရှင်းဝူလုပ်နေတာတွေက မဟုတ်သေးဘူး"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now